AD
AD
AD

သရုပ်ဆောင်နေတိုးတစ်ယောက် သရဲကြောက်ပြီး အရီသန်တတ်တဲ့ သူငယ်ချင်း သက်မွန်မြင့်နဲ့ အမှတ်တရအကြောင်းတွေကို မီဒီယာတွေကနေတဆင့် အရွှန်းဖောက် စ နောက်ခဲ့ပါတယ်။

play

 

'' သက်မွန် နဲ့က ဟာသကားရိုက်တာ နည်းနည်းရှားတယ်၊ သူက ဟာသကားရိုက်ရင် ရီပဲ ရီနေတာဆိုတော့ ရိုက်မရဘူး။ ဘာကြောင့်လဲဆိုတော့ သူကရီပဲရီနေတာဆိုတော့ သူရီတာကို စောင့်ရိုက်ရတယ်၊ ဒိုင်ယာလော့ဂ်ျတွေ ပြောနေတယ် ဆိုရင်လည်း သူရီတာကို အကြာကြီးစောင့်ရတာရှိတော့ တချို့ဒါရိုက်တာတွေက သူနဲ့ဆို မရိုက်ရဲဘူး။ သူက

ဟာသကားနဲ့ သရဲကားရိုက်လို့မရတဲ့ မင်းသမီးပါ'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်သက်မွန်မြင့် သရဲကြောက်တတ်တဲ့ အကြောင်းကိုလည်း နေတိုးက အမှတ်တရပြောခဲ့ပါသေးတယ်။

'' သရဲကားရိုက်တယ်ဆိုရင်လည်း တွေးတွေးပြီးတော့ကို ကြောက်တယ်။ ဆုရသွားတဲ့ တာတေကြီးတောင်မှ ပရိသတ်တွေက အရမ်းအားပေးတယ်။ သူလည်းကြည့်ချင်တယ်ဆိုလို့ သွားကြည့်တယ်ပေါ့  ညမှောင်သွားပြီဆိုတာနဲ့ သူ ခေါင်းစွပ်ကြီးစွပ်ထားတယ် မကြည့်ရဲဘူး၊ ဒါပေမယ့် သရဲမခြောက်ဘူး စကားပြောသံတွေကြားမှ ပြန်ကြည့်တယ်၊ ခေါင်းစွပ်ကြီးနဲ့ ရုပ်ရှင်ကြည့်တာ အဲ့ဒီမင်းသမီး တစ်ယောက်ပဲရှိတယ်'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်နေတိုးနဲ့ သရုပ်ဆောင်သက်မွန်မြင့်တို့ အနုပညာသူငယ်ချင်းနှစ်ယောက်ဟာ ဗီဒီယိုဇာတ်ကားတွေရော၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ အတူတွဲပြီးသရုပ်ဆောင် နေရတာပဲဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးကလည်း အကယ်ဒမီ ရွှေစင်ရုပ်ထု ကိုယ်စီ ပိုင်ဆိုင်ထားတဲ့အနုပညာရှင်တွေဖြစ်သလို ပရိသတ်တွေ အချစ်ခံရဆုံး မင်းသား၊ မင်းသမီးတွေ လည်းဖြစ်ပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD