AD
AD
AD

ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ဟာ မတ်လ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆု ပေးပွဲရဲ့ ဆုရွေးချယ်မှုတွေအပေါ် သူ့ရဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ အမြင်နဲ့ Duwun Media ကနေ သုံးသပ်ပြောပြခဲ့ပါတယ်။

play

 

'' ပရိသတ်တွေကလည်း နှစ်တိုင်း နှစ်တိုင်း အကယ်ဒမီပေးပွဲကြီးကို ထိုက်သင့်သလို အားပေးနေကြတာကိုပဲ ဝမ်းသာရမှာပါ။ နောင်နှစ်တွေမှာလည်းအမှားအယွင်းနည်းတဲ့ ထိုက်ထိုက်တန်တန်ထူးချွန်ဆု ဆိုတဲ့ ခေါင်းစဉ်နဲ့လိုက်တဲ့ အကယ်ဒမီပေးပွဲမျိုးဖြစ်ပါစေလို့လည်း ဆုတောင်းနေရတာပေါ့'' လို့ဆိုပါတယ်။

play

 

အကယ်ဒမီဆု ချီးမြှင့်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ့ရင်ထဲက ဆန္ဒကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' အချင်းချင်းတွေ စိတ်ဝမ်းကွဲစေမယ့် လွဲမှားမှုမျိုးလည်းမဖြစ်ပါစေနဲ့၊ အဓိက သရုပ်ဆောင်နဲ့ ဇာတ်ပို့ဇာတ်ရန်ဆိုတာကို ကွဲကွဲပြားပြား သိမြင်နိုင်တဲ့ ပေါ်လစီမျိုးတွေ၊ မူမျိုးတွေ ထွက်ပေါ်လာပါစေ။ မူက မပြင်ပဲနဲ့ လူတွေပြောင်းသွားရင်လည်း သဲသဲကွဲကွဲတော့ မဖြစ်ဘူး ပေါ့'' လို့ သူကဆိုပါတယ်။

play

 

ဒါရိုက်တာကျော်ဇောလင်းအနေနဲ့ ပရိသတ်တွေအတွက် ရသမျိုးစုံဖန်တီးပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ဖန်တီးနေတဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသတော့မယ့် မွှေချက်ကတော့ လွန်လွန်းတယ် ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင်နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်တို့နဲ့ ရိုက်ကူးပုံဖော်ထားတယ်လို့ သိရပါတယ်။

Photo: ကျော်ဇောလင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD