AD
AD
AD

ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ သရုပ်ဆောင်သက်မွန်မြင့် တစ်ယောက် မိသားစုကို ဘယ်လိုအချိန်ပေးဖြစ် သလဲ၊ အထူးသဖြင့် သားလေးအားချစ်ကို အချိန်ပေးဖြစ်တဲ့ ဖြစ်တဲ့ အကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကားရိုက်တာတွေအကုန်လုံးကလည်း နယ်တွေမှာပဲ ဖြစ်နေတဲ့အခါကျတော့ နည်းနည်းတော့ညှိရတယ်။ ကိုယ် နယ်မသွားခင်မှာ သူ့ကိုအဓိက အချိန်ပေးတယ်။ ကျောင်းပို့၊ ကျောင်းကြိုလုပ်ပေးတယ် တော်တော်များများအချိန်ကိုဖြုန်းနိုင်အောင်လုပ်ပေးတယ်။ အလုပ်ကိစ္စသွားရ လာရတာလောက်က လွဲရင် သူ့ကိုအချိန်ပိုပေးဖြစ်တယ်'' လို့ ဆိုပါတယ်။

play

 

နယ်ရိုက်ကူးရေးတွေ သွားရတဲ့အခါ သားလေးအားချစ်နဲ့ အလွမ်းသယ်ဖြစ်ပုံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' နယ်သွားရင်တော့ Video Call လေးတွေပြောတယ်ပေါ့။ အငယ်လေးကို ခေါ်သွားလို့ရတာကြောင့် ခေါ်သွားဖြစ်တယ်။ နည်းနည်း တော့ခံစားရတာပေါ့လေ ဆယ်ရက်လောက်သွားလိုက်တော့ ပြန်လာတော့ ကိုယ့်ကိုမခေါ်ဘူး စိတ်ကောက်တယ်။ ခင်ပွန်းက လည်း ဒွိဟတော့ဖြစ်တာပေါ့နော် သားသမီးတွေရဲ့ မိခင်ဆိုတော့ ကလေးတွေအနားမှာနေစေချင်တယ်'' လို့ သူကဆိုပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေရတဲ့ သက်မွန်မြင့်ကတော့ မကြာခင်ရုံတင်တော့မယ့် မွှေချက်ကတော့ လွန်လွန်း တယ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူငယ်ချင်းဖြစ်သူ နေတိုးနဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်ကောင်လေး ရဲ့ နာမည်က ရွှေမှုံ လို့ခေါ်ပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD