AD
AD
AD

ရုပ်ရှင်လောကမှာ ယနေ့ထိတိုင် အောင်မြင်နေဆဲ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မျိုးသန္တာထွန်း ဟာ အခုလက်ရှိရုပ်ရှင်လောက နဲ့ အရင်က ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်လောကရဲ့ ကွဲပြားမှုလေးတွေကို Duwun Media ကနေတဆင့် ပြောပြခဲ့ပါတယ်။

play

 

'' အရင်တုန်းက ဇာတ်ကားတစ်ကားရိုက်ဖို့ဆိုရင် ဝတ္ထုကောင်းကောင်းလေးတွေကို ရှာပြီးတော့ရိုက်ကြတယ်။ ဝတ္ထုဇာတ်လမ်းကို ပိုပြီးတော့ရူးသွပ်ကြတယ်ပေါ့။ အခုနောက်ပိုင်းမှာကြတော့ ဇာတ်လမ်းအပေါ်မှာ အားနည်းလာကြတယ်လို့ အစ်မတော့ခံစားရတယ်။ ဇာတ်ကိုအဓိကထားပြီးတော့ မယူတော့ဘူးပေါ့နော်၊ ဒါပေမယ့်လည်း ဝတ္ထုကောင်းကောင်းလေးကိုရှာပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာ နဲ့ရိုက်တဲ့သူတွေလည်းရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

လက်ရှိပြောစမှတ်တွင်နေကြတဲ့ ရွာကားရော၊ မြို့ကားရော ချစ်တယ်လို့ ဆိုပါတယ်။

'' အစ်မကတော့ ရွာကားလည်းချစ်တယ်၊ မြို့ကားလည်းချစ်တယ် ဘာကြောင့်လဲဆိုတော့ အနုပညာကို တန်ဖိုးထားတယ်၊ လေးစားတယ်။ ဒါကြောင့်မို့လို့ ချစ်တယ်'' လို့ဆိုပါတယ်။

play

 

သရုပ်ဆောင် မျိုးသန္တာထွန်းကတော့ အနုပညာလောကနဲ့ တစ်ခဏတာ ဝေးကွာခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကစလို့ ရုပ်ရှင်ဇာတ်ကား ကြီး တွေ ရိုက်ကူးလက်ခံဖြစ်နေပါတယ်။ လက်ရှိရုံတင်ပြသနေတဲ့ အသည်းကွဲပါတီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ထားသလို ရိုက်ကူးလက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရှိသေးတယ်လို့သိရပါတယ်။

Photo: မျိုးသန္တာထွန်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD