AD
AD
AD

Golden Hour Entertainment ကနေထုတ်လုပ်သွားမယ့် ကြိုးဖုန်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခေတ်ဆန်ဆန်ကောင်မလေး တစ် ယောက်၊ စူးစမ်းလိုစိတ်ရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာအပေါ် ခံစားချက်ကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ကြိုးဖုန်း ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာကို ကျေနပ်မှုရှိပါတယ်။ အိမ်စည်တို့ကတော့ ရိုးရိုးလေးလုပ်သွားရုံပါပဲ အသစ် တစ်ယောက်အနေနဲ့ကလည်း အရမ်းကို ညွှန်ပြမှုတွေကောင်းတဲ့အတွက်ကြောင့် သိပ်ပြီးတော့ အခက်အခဲတွေ မရှိခဲ့ဘူး။ တဆင့်ပြီးတဆင့် သင်ပေးတယ်၊ ပြောပြတဲ့ အတွက်ကြောင့် အရမ်းမကြောင်ဘူး'' လို့ဆိုပါတယ်။

play

 

ရိုက်ကူးခဲ့ရတဲ့ ကာရိုက်တာတိုင်းက ခက်ခဲတယ်လို့ ဆိုပါတယ်။

'' အိမ်စည့်မှာ သရဲကားတို့၊ ပြန်ပေးဆွဲတဲ့ ဇာတ်ကားတို့ အဲ့ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အက်ရှင်ကားတွေ ရှိပေမယ့် ပုံမှန်ထက်တော့ ပိုခက်ခဲတယ် ထွက်လာရင်လည်း ကိုယ့်ကိုယ်ကို အရမ်းတော်တယ်ပေါ့၊ ငါလုပ်နိုင်ခဲ့တယ်ဆိုတဲ့ ချီးကျူးမှုလေးတွေ ဖြစ်စေချင်တာပေါ့။ အခုနောက်ပိုင်း ရိုက်ချက်တွေကလည်း အရမ်းကောင်းလာတာကိုမြင်ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ရွှေအိမ်စည်ကတော့ Golden Hour Entertainment မှ ထုတ်လုပ်ပြီး ဒါရိုက်တာအာကာရဲ့ ဒုတိယမြောက် ရုပ်ရှင်ကားဖြစ်တဲ့ “ကြိုးဖုန်း"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ဖြိုးငွေစိုး၊ အိန္ဒြာကျော်ဇင်(အကယ်ဒမီ)၊ ရဲနောင်၊ ရွှေအိမ်စည်နဲ့ အောင်ရဲထွေးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ရွှေအိမ်စည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD