AD
AD
AD

ကျွန် ဇာတ်ကားမှာ ဘုရားကျွန်တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ၂၀၁၇ခုနှစ်အတွက် အကောင်းဆုံးဇာတ်ပို့ဆုအတွက် ပရိသတ်တွေ မျှော်လင့်ထားတဲ့ဆုနဲ့ လွဲခဲ့ရတဲ့ ဇာတ်ပို့သရုပ်ဆောင် ဟိန်းမင်းရဲ့ ရင်ထဲကစကားသံကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဒီနှစ်အတွက်ကတော့ ပရိသတ်တွေပေးတဲ့ဆုတော့ရပါတယ်။ ဒီက ဆုတစ်ဆုကိုတော့မရပါဘူး၊ ဒါကလည်း စိတ်မကောင်းဖြစ် တာကလွဲလို့ ဘာမှလုပ်လို့မရဘူးလေ၊ ရှေ့ဆက်ကြိုးစားဖို့ပဲလိုတာပေါ့။ ဒါပေမယ့် ဇာတ်ပို့ဆုကိုတော့မှန်းဖို့မလွယ်တော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ နောက်ဆုံးမျှော်မှန်းချက်ကတော့ နောက်ထပ် ဇာတ်ရံဆုတက်လာမှသာ မျှော်မှန်း လို့ရမယ်'' လို့ဆိုပါတယ်။

play

 

ဇာတ်ပို့ဆု ဆိုတာထက် ဇာတ်ရံဆု ဖြစ်လာမှသာ မျှော်လင့်လို့ရမယ်လို့ ဆိုပါတယ်။

'' ဦးဟိန်းမင်းတို့ ဇာတ်ပို့ဇာတ်ရံတွေဆိုတာက ရတဲ့ကြေးအတွက် အကယ်ဒမီဆုကိုမျှော်မှန်းရတာပေါ့။ ရတဲ့ငွေကြေးကလည်း အများကြီးရတာမဟုတ်ဘူး။ ကြိုးစားလည်း အရာမထင်ဖြစ်သွားတာပေါ့။ ဇာတ်ရံဆု တစ်ဆုတက်လာမှသာ မျှော်လင့်ချက်ရှိမှာပေါ့၊ ရှေ့လျှောက်ဒီအတိုင်းသာ သွားနေရလို့ကတော့ ဇာတ်ပို့ဆုဆိုတာ မျှော်လင့်ချက်ရှိမှာ မဟုတ်ပါဘူး'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ဟိန်းမင်းကိုတော့ ပရိသတ်တွေက ကျွန်ရုပ်ရှင်ဇာတ်ကားထဲက ကာရိုက်တာနဲ့ အကောင်းဆုံးဇာတ်ပို့ ဆုရှင်တစ်ယောက် အဖြစ်မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ထပ်တူမကျခဲ့တာကြောင့် စိတ်မကောင်းဖြစ်ကြရပါတယ်။ ဟိန်းမင်း အနေနဲ့ စိတ်ဓာတ်လျှော့ကျသွားမှာမဟုတ်ပဲ အနုပညာအလုပ်ကို ထပ်မံကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Photo: ဟိန်းမင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD