AD
AD
AD

အနုပညာအလုပ်တွေဆက်တိုက် လုပ်နေရတဲ့ အလင်းရောင်ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ထူးထူးခြားခြား ကာရိုက်တာတွေနဲ့ ပရိသတ် အရှေ့ရောက်ရှိလာဦးမယ်လို့သိရပါတယ်။ ဒါရိုက်တာဝိုင်းနဲ့လည်း ရွှေကြာဇာတ်ကားကြီးရိုက်ကူးပြီးတဲ့နောက် နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီးတွေလည်းအတူတွဲ ရိုက်ကူးဖို့ရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အောက်လမ်းဆန်ဆန် ဇာတ်ကားတွေ တွေ့ရမယ်။ ကျွန်တော့်ကိုမြင်ဖူးနေကြ မဟုတ်တဲ့ ကာရိုက်တာတွေတွေ့ရမှာပါ။ ကျွန်တော် အဓိက ဇာတ်ဆောင်အနေနဲ့ တည်ထားတာဆိုရင် ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဇာတ်ကားမျိုးတွေရှိတယ်။ သတို့သမီးလျှို့ဝှက်ချက်ဆိုတဲ့ ဇာတ်ကားတွေရှိမယ် တခြားဇာတ်ကားတွေလည်း ရှိပါသေးတယ်'' လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကား တစ်ကားပြီးတစ်ကားရုံတင်ပြသခဲ့ရင်လည်း ဝေဖန်မှုအမျိုးမျိုးရှိကြတဲ့အပေါ် သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။

'' လူတွေက အကြိုက်ချင်းလည်းမတူဘူး၊ တွေးခေါ်ပုံချင်းလည်း မတူတဲ့အတွက် ငါ့ဇာတ်ကားကိုမကြိုက်လို့ဆိုပြီး ဝေဖန်လို့မှ မရတာ ကြိုက်တဲ့သူက ကိုယ်ကြိုက်တာကို အားပေးကြမှာပဲလေ။ ကျွန်တော်ကတော့ဘယ်ဇာတ်ကားမဆိုကြည့်တယ် ကောင်းတယ်ဆိုလည်းကောင်းတယ်၊ မကောင်းဘူးဆိုလည်း မကောင်းဘူး ရှည်ရှည်ဝေးဝေးမတွေးတတ်ဘူး'' လို့သူကဆိုပါတယ်။

play

 

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ မကြာခင်က ရုံတင်ပြသခဲ့ပြီး အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ရွှေကြာ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

Photo: အလင်းရောင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD