AD
AD
AD

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ခေါင်းဆောင်မင်းသမီးလေး လှယဉ်ကျေး တစ်ယောက်ဟာ အနုပညာအလုပ်ကို ရူးသွပ်သူ လေးပါ။ သူ့အနေနဲ့ သရုပ်ဆောင်အလုပ်အတွက် အခွင့်အရေးမရှိရင်တောင် တခြားဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်နေတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ရုပ်ရှင် ၃ ကားရိုက်ပြီးတော့ နောက်ထပ်လည်းဆက်မရိုက်ဖြစ်တော့ဘူး။ ဆက်ရိုက်ဖို့အခွင့်အရေးလည်း မရှိတဲ့အခါမှာ ညီမ အော်ဒီရှင်တွေ စောင့်တယ်။ ညီမကိုယ်တိုင် ဝါသနာပါတယ် သရုပ်ဆောင်ချင်တယ် အခွင့်အရေးတွေ မရတဲ့အခါမှာ ညီမ မထိုင်နေပဲ ညီမ လုပ်ထားတဲ့ Profile တွေရှိပါတယ်'' လို့ ဆိုပါတယ်။

play

 

'' သရုပ်ဆောင်နဲ့ ပတ်သက်တဲ့ Profile ၊ ဇာတ်ညွှန်းရေးတာနဲ့ပတ်သက်တဲ့ Profile အတွေ့အကြုံတွေကို သေချာလေးစုပြီးတော့ တိုက်တော်တော်များများ၊ ဒါရိုက်တာ ၃ ယောက်၊ ၄ ယောက်လောက်၊ Production တော်တော်များများကို ၁၀ ခု ၊ ၁၅ ခုလောက် ပို့ထားတယ်။ တချို့တွေကတော့ Replay ပြန်လာတယ်။ ညီမက သရုပ်ဆောင်လုပ်ချင်တဲ့အတွက် အခွင့်အရေးကို စောင့်မနေပဲ အခွင့်အရေးရမလားဆိုပြီး ကြိုးစားကြည့်နေတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်လှယဉ်ကျေး ကို မောင့်အိမ်သူ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ သတိထားမိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိ ရုံတင်ပြသနေတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားထဲမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေအများကြီးရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD