AD
AD
AD

အလှမယ် တစ်ယောက်လည်းဖြစ်၊ အခုဆိုရင် သရုပ်ဆောင်အလုပ်ပါ ဆောင်ရွက်နေတဲ့ ရွှေအိမ်စည် ဟာ မိန်းကလေးတစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ ခန္ဓာကိုယ်အချိုးအစား လှပမှုအမြင်တွေကို Duwun Media ကနေ သုံးသပ်ပြောပြခဲ့ပါတယ်။

play

 

'' မိန်းကလေးတစ်ယောက်က အပေါ်ပိုင်းရှိရင် အောက်ပိုင်းမရှိဘူး၊ အောက်ပိုင်းရှိရင် အပေါ်ပိုင်းမရှိဘူး  ဒါဟာ မျှမျှတတပဲ ဖြစ်နေရမှာလေ၊ အောက်ပိုင်း ကိတ်တဲ့ မိန်းမ တစ်ယောက်က အပေါ်ပိုင်းကြီးအရမ်းကြီးနေရင်လည်း '' န " ပုံစံဖြစ်မယ် အရမ်းကြီး ကြည့်လို့မကောင်းဘူး။ သူ့အချိုးအစားနဲ့သူဆိုရင်တော့ အဆင်ပြေနေကြတာပဲပေါ့နော်။ အောက်ပိုင်းကိတ်မှ လှမယ်၊ အပေါ်ပိုင်း ကိတ် မှ လှမယ်ဆိုတာတွေက မဟုတ်ပါဘူး'' လို့ သူကဆိုပါတယ်။

play

 

ကိုယ်ပိုင်အလှကို တန်ဖိုးထားတတ်အောင်လည်း အခုလိုပြောပြခဲ့ပါသေးတယ်။

'' အိမ်စည်ဆိုရင်လည်း ကိုယ့်မှာရှိတဲ့အတွက်ကြောင့် ထုတ်ကြွားရင်ကြွားမယ်၊ တစ်ခါတစ်လေကျရင် ပိတ်ထားမယ်၊ တစ်ခါတစ်လေ ကျရင် သူ့ဘာသာ ပေါ်တာတွေရှိမယ်။ အဲ့ဒါကို အရမ်းကြီး စိတ်ထဲမှာ မထားဘူး၊ ငါအရမ်း ကိတ်ချင်တာပဲဆိုတဲ့ စိတ်တော့မရှိဘူး။ လူတိုင်းလူတိုင်းက ကိုယ့် Body နဲ့ကိုယ်အဆင်ပြေနေတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အလှကို တန်ဖိုးထားသင့်တယ်၊ သူများလှသလို ကိုယ်လှအောင် သွားယှဉ်လို့မှ မရတာ'' လို့ ဆိုပါတယ်။

play

 

Miss Universe Mayanmar 2017 ပြိုင်ပွဲဝင်ခဲ့တဲ့ ရွှေအိမ်စည်ကတော့ The Best National Costume ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင်ဘက်ကို ခြေလှမ်းစတင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသမယ့် ကြိုးတန်းရုပ်ရှင်ဇာတ်ကားမှာလည်း စီနီယာအနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: ရွှေအိမ်စည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD