AD
AD
AD

အခုလက်ရှိမှာ Group Chat က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး 9 MC ဆိုတဲ့ ဟက်ကာအဖွဲ့က ဒီ Group Chat ထဲမှာ ပါဝင်တဲ့ အနုပညာရှင်တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်တွေကို သိမ်းပိုက်ခဲ့ရာ အခုလည်း သရုပ်ဆောင် ဆုမြတ်နိုးဦးကို သတိပေးစကားဆို လိုက်ပါပြီ။

play

 

'' Model Hsu Myat Noe Oo, Password ပြောင်းလိုက်ပါဦး။ ( Group Chat ) မှာ အရမ်းမိုက်ရိုင်း သွားပီ ပြောတဲ့ တစ်ယောက်,9MC '' ဆိုပြီးတော့ သတိပေးခြင်းခံလိုက်ရပါတယ်။

play

 

ဒီ သတိပေးစကားကိုတော့ အောင်မင်းနိုင်လို့ အမည်ရတဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ဖေ့စ်ဘုတ်အကောင့်ကနေတဆင့် ပြောလိုက်တာပါ။ အဆိုပါ Group Chat ဂယက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံး ဥက္ကဌ ဦးဇင်ဝိုင်းက မတ်လ(၂၆) ရက်နေ့ နေ့လည်က ရုပ်ရှင်အစည်းအရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။သတင်းစာရှင်းလင်းပွဲလည်း အားလုံးရဲ့ ကိုယ်စား ဥက္ကဌ ဦးဇင်ဝိုင်းက နစ်နာသူတွေအတွက် တောင်းပန်ခဲ့ပါသေးတယ်။

Photo: အောင်မင်းနိုင်ဖေ့စ်ဘုတ် , ဆုမြတ်နိုးဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD