AD
AD
AD

သရုပ်ဆောင်ပိုင်ဖြိုးသု ရဲ့ အကယ်ဒမီဆုရ ဂုဏ်ပြုညစာစားပွဲကို မတ်လ ၂၉ ရက်နေ့ညက ၈ မိုင်မှာရှိတဲ့ FisherMan's Wharf Hot Pot ဆိုင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီ ညစာစားပွဲမှာလည်း အနုပညာညီအစ်ကိုမောင်နှမတွေက တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

play

 

ပိုင်ဖြိုးသုရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင်နှိုင်းယှဉ်မြင့်မိုရ်ကလည်း အခုလိုဆုတောင်းစကားဆိုခဲ့ပါတယ်။

'' သုသုလေးရဲ့ Dinner မှ VVIP GROUP.အသည်းတုံးတွေထဲက တစ်ယောက်တော့ အကယ်ဒမီရသွားပြီ...မိသားစုနဲ့ ထပ်တူပီတိဖြစ်ရ ပါသည်...နောက်နှစ်တခြားအသည်းတုံးတွေထပ်ရကြပါစေလို့ဆန္ဒပြု ရင်းးး''  ဆိုပြီးတော့ အမှတ်တရ ပုံလေးတွေ တင်ခဲ့ပါတယ်။

play

 

နောက်ထပ် တက်ရောက်လာတဲ့ သရုပ်ဆောင် အေးသီတာကလည်း အခုလို ဆုတောင်းစကားထပ်မံပြောပြခဲ့ပါတယ်။

'' သုသုမကပွဲမလုပ်​ပါဘူးဒါ​ပေမဲ့သူ့အ​ဖေရဲ့သူငယ်​ချင်းသု့အ​မေရဲ့သူငယ်​ချင်း သု့ရဲ့သူငယ်​ချင်းများနဲ့ ဒင်​ဒင်​စားတာပါတဲ့ဟိဟိ .. ကျယ်​မတို့က သုသုမရဲ့သူငယ်​ချင်းများပါ သုသုမထက်​​တောင်​ရက်​ငယ်​​သေးတယ်​ ဟိဟိအလကားစတာဘာ တကယ်​​ပျော်​တာပါ ။ ချစ်​ရပါ​သောသုသု​နောက်​ထပ်​လည်းအကယ်​ဒမီ​တွေရပါ​စေ သူငယ်​ချင်း​တွေကိုလည်းဆထက်​တန်​ဘိုး​ကျွေးနိုင်​ပါ​စေ'' ဆိုပြီးပြောပြခဲ့ပါတယ်။

play

 

သရုပ်ဆောင်ပိုင်ဖြိုးသု ဟာ အနုပညာပျိုးခင်းက မွေးထုတ်လိုက်တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အနုပညာ သက်တမ်း နု သေးတာကြောင့် အကယ်ဒမီဆုကို မမျှော်လင့်ခဲ့ပေမယ့်လည်း အကယ်ဒမီအကဲဖြတ်ဒိုင်လူကြီးတွေက သရဲမ၊ ဘီလူးမနဲ့ မိန်းမပျို (3 Girls) ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Photo: အေးသီတာဖေ့စ်ဘုတ်၊ နှိုင်းယှဉ်မြင့်မိုရ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD