AD
AD
AD

နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ တစ်ကိုယ်တော်အခွေအသစ်ဖြစ်တဲ့ စိုင်းစိုင်းက စိုင်းစိုင်း အခွေထွက် ရှိတဲ့ အမှတ်တရအနေနဲ့ သူငယ်ချင်းတွေဝတ်ဖို့အတွက် ထုတ်ထားတဲ့ Sai Sai is Sai Sai အမည်ရှိတဲ့ အကျီင်္ကို ပရိသတ်တွေလည်း ဝတ်လို့ရအောင် အကန့်အသတ်နဲ့ ထုတ်သွားမယ်လို့ သိရပါတယ်။

play

 

'' ကျနော်တို့သူငယ်ချင်းတွေ ခွေထွက်တဲ့နေ့ ဝတ်မယ်ဆိုပြီး အမှတ်တရထုတ်ထားတာပါ။ ကျနော့်ပရိသတ်တွေဝတ်ချင်ကြတော့ စက်ရုံကိုထပ်အပ်တော့ အထည် ၃၀၀ ပဲ အချိန်မီရရှိပါတယ် 1 ရက်နေ့ အခွေထွက်ရင် Junction Square မှာ ရောင်းချပေးပါမယ် တစ်ယောက်ကိုတစ်ထည်ပဲ ရောင်းပါမယ်ခင်ဗျာ'' လို့ ဆိုပါတယ်။

play

 

မန္တလေးက ပရိသတ်တွေလည်း အားပေးလို့ရအောင် ထုတ်သွားမယ်လို့ဆိုပါတယ်။

''မန္တလေးအတွက် နောက်ထပ် ၂၀၀ စီစဉ်ပေးပါ့မယ် ၅ရက်/တစ်ပါတ်လောက်စောင့်ပေးပါ။ အခွေထွက်တဲ့ အမှတ်တရ ဖြစ်တဲ့အတွက် ဒီလောက်အရည်အတွက်ပဲ Limited ထုတ်ပါမယ်ခင်ဗျ'' လို့ ရေးသားခဲ့ပါတယ်။

play

 

စိုင်းစိုင်းကတော့ မတ်လ ၂၉ ရက်နေ့က သူ့ရဲ့ ပရိသတ်တွေ သီချင်းအသစ်တစ်ပုဒ်နားဆင်စေဖို့အတွက် သိင်္ဂါရ သီချင်းတစ်ပုဒ် ဆိုတဲ့ သီချင်းလေးကို ပရိသတ်တွေဆီမိတ်ဆက်ပေး ခဲ့ပြီး အားပေးကြည့်ရှုကြတဲ့ ပရိသတ်တွေလည်း သိန်းနဲ့ချီ ရှိခဲ့ပါတယ်။ ဧပြီလ ၁ ရက် နေ့မှာ စိုင်းစိုင်းကစိုင်းစိုင်း ဆိုတဲ့ တစ်ကိုယ်တော်အခွေအသစ်ကို ပရိသတ်ဆီအရောက် ပို့ဆောင်တော့မှာ ဖြစ်ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာတော့ မန္တလေးမှာ Frenzo Show ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာ Frenzo Artis တွေ၊ သူငယ်ချင်းတွေ ဖြစ်တဲ့ Snare အဖွဲ့၊ G Fatt ၊Bunny Phyo စတဲ့အဆိုတော်တွေလည်း ပါဝင် သီဆိုသွားမှာဖြစ်ပါတယ်။

Photo: စိုင်းစိုင်းခမ်းလှိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD