AD
AD
AD

မိုးကုတ်သူလေး သရုပ်ဆောင်အဆိုတော် ထွန်းအိန္ဒြာဗို ဟာ မိုးကုတ်လမ်းမကြီးပေါ်က ရှုခင်းလေးတွေနဲ့ အရမ်းကိုပျော်ရွှင် နေပုံပါပဲ။ ပေါ့ပေါ့ပါးပါး ရှိလှတဲ့ သူ့ရဲ့ ဖက်ရှင်လေးတွေကလည်း ဆယ်ကျော်သက် မိန်းကလေးတစ်ဦးလိုပါပဲ။

play

 

'' မိုးကုတ် ရှုခင်း တချို့ နဲ့ ပေါ့'' ဆိုတဲ့ စာလေးနဲ့ အလှဓာတ်ပုံလေးတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။ မိုးကုတ်မြို့ရဲ့ နှစ် ၈၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို တက်ရောက်ခဲ့ကြတဲ့ မိုးကုတ်သူ၊ မိုးကုတ်သား အနုပညာရှင်တွေထဲမှာ ထွန်းအိန္ဒြာဗို ကလည်း တစ်ယောက်အပါအဝင်ပါပဲ။ ဒီအထိမ်းအမှတ်ပွဲတော်ကြီးရဲ့ ဂီတဖျော်ဖြေပွဲမှာလည်း သူ့ရဲ့ တေးသီချင်းလေးတွေနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

play

 

မိုးကုတ်နှစ်၈၀၀ ပွဲမှာ မိုးကုတ်သူတွေဖြစ်ကြတဲ့ အနုပညာရှင်များ မေခလာ၊ထွန်းအိန္ဒြာဗိုလ်၊ ခင်လေးနွယ်၊ ရီဝေယံ၊ ထက်ထက်မိုးဦး(ခ) ဆရာလေး ဒေါ်နန္ဒမာလာ၊ ဝတ်မှုံရွှေရည်၊ ဖွေးဖွေး၊ခါရာတို့အပြင် အခြားသောအနုပညာရှင်များနဲ့အတူ ပြင်ပကိုရောက်နေတဲ့ မိုးကုတ်သူ၊ မိုးကုတ်သားတွေလည်းတက်ရောက်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

Photo: ထွန်းအိန္ဒြာဗိုဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD