AD
AD
AD

ဒါရိုက်တာကိုပေါက်ရဲ့ ဖေ့စ်ဘုတ်အကောင့်ကို ဒီနေ့(မတ်လ ၃၀) ရက်နေ့မှာပဲ 9 MC ဟက်ကာ အဖွဲ့က ပြန်လည်ပေးအပ်လိုက်ပြီလို့ သိရပါတယ်။

play

 

ဖေ့စ်ဘုတ်အကောင့်ပြန်ရလိုက်တဲ့ ဒါရိုက်တာကိုပေါက်က သူ့ရဲ့ ပရိသတ်တွေကို အခုလိုပြောပြလိုက်ပါတယ်။

'' 9MC က ကျွန်တော့် acc ပြန်ပေးပါပြီ။ ချစ်နေသေးတဲ့ လူတွေရော မချစ်တော့တဲ့လူတွေရော ကျန်းမာချမ်းသာကြပါစေ'' ဆိုပြီးတော့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

play

 

ဒါရိုက်တာကိုပေါက်ရဲ့ ဖေ့စ်ဘုတ်အကောင့်ကို 9MC က မတ်လ ၂၆ ရက်နေ့က က သိမ်းယူခဲ့ပြီး Profile Picture ကိုပါ ပြောင်းလဲခဲ့ပါတယ်။ ဒီအကောင့်ကို သိမ်းခဲ့ပြီးတော့ Actor& Actress ဂရုထဲက Screen Shot များ ထပ်မံပေါ်ထွက်လာခဲ့ပါသေးတယ်။

play

 

9MC အနေနဲ့ နောက်ထပ်အနုပညာရှင်များရဲ့ အကောင့်များကို ထိန်းသိမ်းသွားဦးမှာ ဖြစ်တယ်လို့လည်း ပြောထားပါတယ်။ မကြာခင် မှာ လည်း 9MC ကနေ ဒါရိုက်တာ ကိုပေါက်ရဲ့ ဖေ့စ်ဘွတ် အကောင့်ကို ပြန်ပေးသွားမယ်လို့လည်း ပြောခဲ့ဖူးပါတယ်။

Photo: အောင်မင်းနိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD