AD
AD
AD

စိန်ရတနာထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးထားတဲ့ ယတြာရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၆ ရက်နေ့မှာရုံတင်ပြသသွားမှာပါ။ ဒီဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တို့ရဲ့ အမှတ်တရစကားသံကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

play

 

အားသစ်

_________

ဟာသဇာတ်ကားလေးဆိုတော့ ကိုယ့်ကိုယ်ကို မြင်ရတာလေး တစ်မျိုးဖြစ်နေတယ်။ ပရိသတ်တွေကတော့ ရီရမယ်၊ ကြိုက်မယ်လို့ ထင်ပါတယ်။ မွေးရာပါ ဦးနှောက်မကောင်းတာပေါ့ တစ်ခုခုလုပ်ပြီးရင် မေ့သွားတတ်တဲ့ ကောင်လေးတစ်ယောက် ပုံစံမျိုးပါ။

play

 

နန်းစုဦး

____________

ဒီဇာတ်ကားလေးမှာ မင်းသမီးတွေကလည်း အများကြီးပဲ။ ကိုပြည်ဟိန်းသီဟ ရိုက်တယ်ဆိုတော့ ပျော်စရာလည်းကောင်းတယ်။ ကိုပြည်ဟိန်းသီဟ ကလည်း ဟာသလေးတွေရိုက်တာများတယ် ဇာတ်ကားလေးကလည်း ပျော်စရာကားလေးဖြစ်မှာပဲ ဆိုပြီးတော့ လက်ခံဖြစ်တယ်။ ဇာတ်လမ်းလေးဖတ်ကြည့်တော့လည်း ကြိုက်တယ်။

play

 

ဆုမြတ်နိုးဦး

____________

ရိုက်တုန်းက အပျော်လေးတွေ ပြန်ကူးလာတယ်။ မြတ်နိုးတို့ သူငယ်ချင်း ၇ ယောက်လည်း ဆုံတယ်။ အလွဲလေးတွေ အမှတ်တရလေး တွေနဲ့ ရိုက်ရတဲ့အချိန်ကလည်း ၇ ယောက်ဆိုတော့ သူရိုက်နေတဲ့အချိန်မှာ ကိုယ်တွေက တစ်ဖက်မှာလည်း အပျော်လေးတွေရှိတော့ ဇာတ်ကားရိုက်တုန်းက အချိန်လေးတွေလည်း ပြန်သတိရလာတယ်။

play

 

ခေးဆက်သွင်

__________

ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး ဖန်စီလေးပါပဲ။ ဒီဇာတ်ကားထဲမှာ ခေးက အိအိအောင် ဆိုတဲ့ကောင်မလေး အဆောင်နေတဲ့ ကောင်မလေးပေါ့နော်။ မင်းသား၊ မင်းသမီးအများကြီးဆိုတာကလည်း ခေးတို့ ဇာတ်လမ်းတွဲရိုက်တုန်းကလည်း အများကြီး ဆုံနေကြဆိုတော့ သိပ်မထူးဆန်းတော့ပါဘူး။

play

 

မြတ်သူသူဇင်

____________

ဒီဇာတ်ကားထဲမှာတော့ ကြာသာပတေးသမီး ပိုးပပနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အားသစ်က ငယ်ငယ်လေးကတည်းက အနုပညာလောကထဲမှာပဲ ကြီးပြင်းလာတဲ့သူလို့ပြောလို့ရတယ် နဂိုကတည်းက သူ့မှာ စကေးက ပြည့်ပြီးသားပါ။

play

 

ယတြာရုပ်ရှင်ဇာတ်ကားကြီးကတော့ မင်းသမီးတွေအများကြီးနဲ့ မင်းသားတစ်ယောက်တည်းပါဝင်ထားတဲ့ ဟာသဇာတ်မြူး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာအားသစ်၊ ရွှေသမီး၊ နန်းဆုဦး၊ ဆုမြတ်နိုးဦး၊ ခေးဆက်သွင်၊ မြတ်သူသူဇင်၊ ရတနာဗို၊ ဆောင်းယွန်းစံ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Photo: ခေးဆက်သွင် ၊ နန်းဆုဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD