AD
AD
AD

သရုပ်ဆောင်နန်းဆုဦး ဟာ ဒါရိုက်တာဗန်းကြီးရိုက်ကူးတဲ့ ဥပါဒါန် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဇာတ်ကားထဲမှာ သာမန်အရပ်သူ မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ပုံဖော်ရိုက်ကူးရတဲ့ ကာရိုက်တာအပေါ် သူ့ရဲ့ ခံစားချက်ကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဥပါဒန် ကားကို အဓိကလက်ခံဖြစ်သွားတာက ဘာသာရေးဇာတ်ကားလည်းဖြစ်တယ်။ ပညာပေးတဲ့ဇာတ်ကားလေးပေါ့ ဒီလိုဇာတ်ကားလေးမှာ တစ်စိတ်တစ်နေရာကနေပါဝင်ချင်တယ်။ အဲ့ဒီဇာတ်ကားလေးမှာ ပါဝင်ခွင့်ရတာကိုလည်း ဂုဏ်ယူမိတယ်'' လို့ သူကဆိုပါတယ်။

play

 

ကာရိုက်တာ အပေါ်မှာလည်း အကောင်းဆုံးကြိုးစားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

'' ဒါရိုက်တာဗန်းကြီးရဲ့ ညွှန်ကြားမှုအောက်မှာ အသေချာလေးတော့ အကောင်းဆုံးကြိုးစားပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ နန်းဆု အိုက်တင်လေး ကျွံသွားမှာတော့ စိုးရိမ်စိတ်လေးတော့ရှိတယ်။ ဒါရိုက်တာပေးချင်တဲ့ မက်ဆေ့ခ်ျကိုပဲ အပိုအလိုမရှိအောင် မပေးနိုင်ခဲ့မှာပဲ စိုးရိမ်ခဲ့တယ်'' လို့ ဆိုပါတယ်။

play

 

နန်းဆုဦးကတော့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာရုံတင်သွားမယ့် ဥပါဒါန် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဧပြီလ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ့် ယတြာရုပ်ရှင်ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

Photo: ဥပါဒါန်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD