AD
AD
AD

လင်းရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာအိအိခိုင် ရိုက်ကူးပုံဖော်ထားတဲ့ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီး ကတော့ ကြောက်စရာလည်းကောင်းသလို ပျော်စရာလည်း ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ Duwun ပရိသတ်တွေအတွက် ဇာတ်လမ်းအကျဉ်းလေးကို ဖော်ပြပေးလိုက်ပါမယ်။

play

 

'' နှစ်ပေါင်းရာနဲ့ချီအောင်ရှိတဲ့ ဂန္တဝင်မြိုင်စံအိမ်ကြီး တစ်အိမ်မှာ သရဲခြောက်တယ်လို့ နာမည်ကြီးနေတာကြာပါပြီ။ ဒါကို နိုင်ငံခြား ကနေ မြန်မာပြည်ကိုပြန်ရောက်လာတဲ့ ဦးနေဗလတို့ မိသားစုက အပန်းဖြေအိမ်ပြုလုပ်ဖို့အတွက် ဝယ်ယူခဲ့တာဖြစ်ပါတယ်။ လူအများစု ရဲ့ ပြောကြားချက်အရ စံအိမ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ စိုင်းစံမွန်ခ ဆိုတဲ့လူက သူ့ရဲ့ မိန်းမကို သတ်ပြစ်ခဲ့ပြီးနောက် ရုတ်တရက် ပျောက်သွားတယ်လို့ ဦးနေဗလတို့ သတင်းကြားမိခဲ့ပါတယ်။

play

 

ဦးနေဗလတို့ ဇနီးမောင်နှံမှာ ပျိုနုတေးဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူက စက်ဘီးစီးရတာ နှစ်သက်သူ တစ်ယောက်ဖြစ်လို့ ညနေဘက်တိုင်း စက်ဘီးထွက် ထွက်စီးလေ့ရှိပြီး တစ်နေ့မှာ စက်ဘီးစီးရင်း ဂုန်းဆင်းပေါ်က ပြုတ်ကျတော့ ဘုန်းလက်ရုံးနဲ့ ဆုံတွေ့ပြီး ကူညီပေးခဲ့ပြန်ပါတယ်။ ဘုန်းလက်ရုံး တစ်ယောက် သရဲခြောက်ပါတယ်လို့ပြောတဲ့ အိမ်ကြီးမှာနေထိုင်တဲ့ ဦးနေဗလတို့ မိသားစုကိုလည်း စိတ်ဝင်စားသလို သူတို့ သမီးဖြစ်တဲ့ ပျိုနုတေးကိုလည်း စိတ်ဝင်စားခဲ့တော့တာပေါ့။

play

 

ခေတ်မှီတဲ့မိသားစုတစ်စုဖြစ်တာကြောင့် သမီးဖြစ်သူကို ကူညီပေးခဲ့တဲ့ ဘုန်းလက်ရုံးကိုလည်း အိမ်ကိုလွတ်လပ်စွာ ဝင်ထွက်ခွင့် ပေး ထားပါတယ်။ နှစ်ပေါင်းများစွာ လူတိုင်းမနေနိုင်အောင်ခြောက်လှန့်ခဲ့တဲ့သရဲကလည်း ဦးနေဗလတို့ မိသားစုနဲ့မှ ကြောက်အောင် မခြောက်နိုင်တော့ စိတ်ညစ်နေရတော့တာပေါ့...''  ဒီလိုပျော်စရာလည်းကောင်း ကြောက်စရာလည်းကောင်းမယ့် သရဲဆိုတာဂျိုနဲ့လား ဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဧပြီလ ၆ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြှင့်ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမှာဖြစ် လို့ ဒီဇာတ်ကားလေးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါးလိုက်တယ်နော်။

play

 

သရဲဆိုတာ ဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအိအိခိုင်က ရိုက်ကူးပုံဖော်ထားတာပါ။ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ရန်အောင်၊ မင်းမော်ကွန်း၊ ဇွဲပြည့်၊ မို့မို့မြင့်အောင် နဲ့ ယမင်းမေဦးတို့က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: သရဲဆိုတာဂျိုနဲ့လားဟေ့ Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD