AD
AD
AD

သရုပ်ဆောင် အိစိကွေးဟာ Facebook စာမျက်နှာပေါ်မှာတွေ့နေရတဲ့ သူ့ရဲ့အရမ်းချစ်ရသော ပရိသတ်တွေကို အပြစ်တင် ဝေဖန်ပြောဆိုနေတာတွေကို မကြိုက်ဘူးလို့ Duwun Media ကနေတုံ့ပြန်စကားဆိုခဲ့ပါတယ်။

play

 

'' ကျွန်တော် အကယ်ဒမီပေးပွဲက ပြန်လာတဲ့အခါ Post တွေကြည့်လိုက်ရတယ်။ ကျွန်တော့် ပုံတွေကို Share ထားပြီးတော့ တချို့တွေ ကျွန်တော့် ပရိသတ်တွေကိုပြောထားတာ ရှိတယ်။ လင်တရူးတယ်တို့ပေါ့။ အဲ့ဒီလိုပြောတာတွေကို ကျွန်တော်မကြိုက်ဘူး။ ကျွန်တော့် ကို ထိခိုက်လို့ မဟုတ်ဘူး ကျွန်တော့်ပရိသတ်တွေကိုပြောတာ ကျွန်တော်မကြိုက်ဘူး။ လင်တရူးတယ်လို့ ပြောတာကလည်း အနုပညာ ကိုအားပေးလို့ပြောတာမဟုတ်ပဲ ရုပ်ရည်ကြောင့်အားပေးတာပေါ့ အဲ့ဒီလိုပြောတာကို ကျွန်တော်လက်မခံဘူး'' လို့ ဆိုပါတယ်။

play

 

ငယ်စဉ်ကတည်းက အားပေးလာတဲ့ ပရိသတ်တွေဖြစ်လို့ မွေးကျေးဇူးတွေရှိသလို ချစ်လည်းချစ်တယ်လို့ ဆိုပါတယ်။

'' ကျွန်တော် ၄ နှစ်ခွဲကတည်းက ဒီအနုပညာအလုပ်ကိုလုပ်လာတယ်။ ပရိသတ်တွေကလည်း ကျွန်တော် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာလေးကို ချစ်ကြတယ်။ အဲ့ဒါကြောင့် အားပေးတာမော်ဒယ်လ်တွေလို၊ မင်းသားတွေလို ချောတဲ့ အထဲမှာလည်း ကျွန်တော်မပါဘူး။ အရပ်အမောင်းတွေ Body တွေလည်း ကျွန်တော့်မှာမရှိဘူး။ ကျွန်တော့်မှာရှိတာက သရုပ်ဆောင်တာ အဲ့ဒါကို အားပေးကြတာ။ ကျွန်တော့်ကို ထမင်းကျွေးထားတာ ပရိသတ်ပါ။ မိဘတွေကလည်း မွေးကျေးဇူးရှင်တွေ ဖြစ်သလို ပရိသတ်တွေက လည်း မွေးကျေးဇူးရှင်ပါပဲ'' လို့ သူက ဆိုပါတယ်။

play

 

အိစိကွေးကိုတော့ ဟိုးငယ်ငယ်လေးကတည်းက ပရိသတ်တွေက အားပေးချစ်ခင်လာကြတာပါ။ အခုချိန်ထိလည်း အားပေးချစ်ခင် နေကြတဲ့ ပရိသတ်တွေရှိပါသေးတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

Photo: အိစိကွေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD