AD
AD
AD

သရုပ်ဆောင် ဆုမြတ်နိုးဦး ဟာ ဖေ့ဘုတ် ဟက်ကာဖြစ်တဲ့ 9MC ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 9MC အနေနဲ့ ဆုမြတ်နိုးဦး ရဲ့ အကောင့်ကို လျှို့ဝှက်နံပတ်ပြောင်းဖို့ ခြိမ်းခြောက်ခဲ့တာပါ အဲ့ဒီခြိမ်းခြောက်မှုအပေါ် ဆုမြတ်နိုးဦးက Duwun Media ကနေတဆင့် တောင်းဆိုခဲ့ပါတယ်။

play

 

'' ပရိသတ်တွေနဲ့ မြတ်နိုးတို့ကြားမှာတော့ ဘာမှမရှိပါဘူး။ ပရိသတ်တွေကလည်း မြတ်နိုးကို နားလည်ပေးကြတယ်၊ စိတ်လည်း စိတ်ပူပေးကြတယ်။ မြတ်နိုးပြောချင်တာကတော့ တစ်ခုပါပဲ အကောင့်ကို မဟက်ကြပါနဲ့ မြတ်နိုးဆီကို တစ်ချိန်လုံး Code တွေရောက်နေတယ်။ မြတ်နိုး ဘာမှမလုပ်ထားပါဘူး ပြောလည်းပြောထားတယ်၊ မေတ္တာရပ်ခံထားပါတယ်'' လို့ ဆိုပါတယ်။

play

 

Code နံပတ်တွေက ခဏခဏဝင်လာတဲ့အတွက် အကောင့်မဟက်ကြပါနဲ့တဲ့။

'' အကောင့်တစ်ခုပဲ သုံးလာတာပါ ကျောင်းတက်တုန်းကတော့ သုံးထားတာတစ်ခုရှိတယ် Password မေ့သွားတာ။ ဒီအလုပ်မလုပ် ခင်ကတည်း က မြတ်နိုး အကောင့်တစ်ခုပဲ သုံးလာတာပါ။ ဘာမှလည်း ထိခိုက်အောင် မလုပ်ထားပါဘူး၊ မြတ်နိုးဆီကို Gmail ကနေရော ဖုန်း Message ကနေပါ Recovery Code တွေ ရောက်နေတယ်'' လို့ သူကဆိုပါတယ်။

play

 

Group Chat က အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး 9 MC ဆိုတဲ့ ဟက်ကာအဖွဲ့က ဒီ Group Chat ထဲမှာ ပါဝင်တဲ့ အနုပညာရှင် တချို့ရဲ့ ဖေ့စ်ဘုတ်အကောင့်တွေကို သိမ်းပိုက်ခဲ့ရာ အခုလည်း သရုပ်ဆောင် ဆုမြတ်နိုးဦးကို သတိပေးစကားဆို လိုက်ပါပြီ။

Photo: ဆုမြတ်နိုးဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD