AD
AD
AD

သရုပ်ဆောင်အားသစ် ဟာ အခုဆိုရင် ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူး နေရပြီဖြစ်တာကြောင့် သူ့ရဲ့လိုအပ်ချက်တွေအတွက် ပြင်ဆင်မှုတွေဆက်လုပ်ဖို့ရှိတယ်လို့ Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' ကျွန်တော့်ခန္ဓာကိုယ်က သေးနေတယ် အဲ့ဒီအတွက် ပြင်ဆင်မှုတွေတော့ လုပ်ရဦးမှာပေါ့။ ဒီကြားထဲမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ၊ အကြံပေးတာတွေကို ကျွန်တော် နားထောင်ပါဦးမယ်။ Gym လည်းဆော့မယ်၊ ကျန်တဲ့အချိန်တွေမှာ အိုက်တင်နဲ့ ပတ်သက်တဲ့အပိုင်းတွေကို ကျွန်တော်ထပ် လေ့လာဦးမယ်'' လို့ သူကဆိုပါတယ်။

play

 

ခေါင်းဆောင်မင်းသားတစ်ယောက်ဖြစ်လာပေမယ့် ကိုယ့်ကိုယ်ကို အားမရသေးဘူးလို့ ဆိုပါတယ်။

'' ပရိသတ်က ဘယ်လိုပြောလာမလဲတော့ မသိသေးဘူး။ ကျွန်တော့်ကိုယ်ကျွန်တော်ကတော့ အားမရသေးဘူး။ ကျွန်တော်က စကား ပြောလဲ နည်းတယ်။ မသိတဲ့သူတွေနဲ့ဆိုရင် ခပ်တည်တည်နေသလိုဖြစ်နေတာပေါ့။ သိတဲ့သူတွေနဲ့ဆိုရင်တော့ ကျွန်တော် တော်တော် ပေါပါတယ်။ ကျွန်တော်က စကားပြောမတတ်တော့ တစ်ခုခုအမှားပါသွားမှာ ကြောက်တယ်။ အဲ့ဒါကြောင့်လည်း အေးအေး ဆေးဆေးပဲ နေဖြစ်တာများတယ်'' လို့ အားသစ်က ပြောပါတယ်။

play

 

သရုပ်ဆောင် အားသစ် ကို ငယ်ငယ်ကတည်းကစပြီး ပရိသတ်တွေအားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။ သရုပ်ဆောင်မြင့်မြတ်ရဲ့ ကလေးဘဝ ပုံစံတွေဆိုရင် အားသစ်က အများဆုံး သရုပ်ဆောင်ရတာဖြစ်ပါတယ်။ နောက်ထပ်လည်း မဟော်သဓာ ရုပ်သံဇာတ်လမ်း တွဲမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အရင်ကထက် ပိုပြီး ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

Photo: အားသစ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD