AD
AD
AD

သရုပ်ဆောင် မင်းမော်ကွန်း ဟာ ရုပ်ရှင်လောကမှာ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခလေးတွေအပေါ် သူ့ရဲ့ အတွေးအမြင်နဲ့ Duwun media ကနေ သုံးသပ်ပြောပြခဲ့ပါတယ်။

play

 

'' ဒါဟာ မြန်မာ့ရုပ်ရှင်ခေတ်တစ်ခေတ်ပြောင်းလဲ လာပြီလို့ ကျွန်တော်မြင်ပါတယ်။ ဒီအပြောင်းအလဲကာလမှာ ပဋိပက္ခလေး တွေရှိပါလိမ့်မယ် ဒါတွေကို ညှင်ညှင်သာသာနဲ့ အအေးချမ်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ခေါင်းအေးအေးထား ပြီးတော့ စဉ်းစားကြစေချင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

ပဋိပက္ခတွေ ပြေလည်စေချင်တဲ့ မင်းမော်ကွန်းရဲ့ ဆန္ဒကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။

''ဒီပဋိပက္ခလေးတွေ အမြန်ဆုံးပြေလည်သွားအောင်လို့ မျိုးစက်သစ်အနုပညာရှင်တွေရော၊ မျိုးစက်ဟောင်း အနုပညာရှင်တွေရော၊ ပရိသတ်တွေရော၊ စာနယ်ဇင်းက ညီအစ်ကိုမောင်နှမတွေရော ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်၊ လူ အမျိုးမျိုး အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ တချို့ကိစ္စတွေက အခုချိန်မှာ အပြောအဆို ဆင်ခြင်ရပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဒီအကြောင်းအရာတွေကတော့ အနုပညာမျိုးစက်သစ် တွေနဲ့ ဝါရင့်သရုပ်ဆောင်တွေရဲ့ အကြား ဖြစ်ပေါ်နေတဲ့  Group Chat မှာ စကားပြောဆိုနေကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေ အချင်းချင်း၊ ပရိသတ်တွေကြား ဖြစ်ပေါ်လာတဲ့  ပဋိပက္ခတွေနဲ့ အထင်လွဲမှားမှုတွေအပေါ် တုံ့ပြန်စကားဆိုခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD