AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တော်မလေး ဟန်သီ ဟာ အခုဆိုရင် ဟန်တီ ဆိုတဲ့ နာမည်လေးကို တရားဝင်ပြောင်းလိုက်ပြီလို့ဆိုပါတယ်။ ပရိသတ်တွေ မမေ့စေချင်လို့ ပြောင်းလိုက်တဲ့ နာမည်လေးကို ခပ်ဆင်ဆင်လေး ပေးခဲ့တာလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ဟန်သီဆိုတဲ့ နာမည်နဲ့ အနုပညာအလုပ်တွေလုပ်ခဲ့တယ် အခုကျတော့ ဟန်တီ ဆိုပြီးတော့ '' သ'' ကနေ '' တ'' ပြောင်းဖြစ်တာ က ကျတော့ အစက မေမေတို့ တွက်လိုက်တဲ့အခါမှာ ကသီတယ်ပေါ့နော်။ တစ်ခုခုဆို သီသီလေးနဲ့ ကပ်ကပ်ပြီးတော့ လွဲတတ်တယ် ပေါ့နော် ဒါကြောင့် ဟန်သီကနေ ဟန်တီ လို့ပြောင်းသွားတာပေါ့နော်။ အင်္ဂလိပ်စာလုံးပေါင်းတော့ မပြောင်းဘူး မြန်မာစာလုံးပေါင်းပဲ ပြောင်းမှာပါ'' လို့ ဆိုပါတယ်။

play

 

ဟန်တီ ဆိုတဲ့နာမည်လေးကို ကြိုက်တယ်တဲ့။

'' နာမည်အကုန်လုံးကိုပြောင်းလိုက်ရင်လည်း ပရိသတ်တွေက ကိုယ့်ကို မမှတ်မိမှာလည်းစိုးတယ်။ အခုလို နည်းနည်းလေးပဲပြောင်း ထားတော့ သိပ်လည်းမသိသာဘူး။ ဟန်သီပဲဖြစ်ဖြစ်၊ ဟန်တီပဲဖြစ်ဖြစ် နာမည်အသံထွက်လေးကလည်း ခပ်ဆင်ဆင်လေးဆိုတော့ သိပ်မလွဲဘူးထင်တယ်၊ ဒီနာမည်လေးကိုတော့ ကြိုက်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ဟန်သီကတော့ အသက် ၁၄ နှစ်ကတည်းကအနုပညာအလုပ်တွေလုပ်ဆောင်လာတဲ့သူဖြစ်ပြီး အလှမယ်ဆုတွေ လည်း အများကြီးရရှိ လာတဲ့သူတစ် ယောက်ဖြစ်ပါတယ်။ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်သိလာတဲ့ ဟန်သီက ကြော်ငြာတွေလည်း ဆက်လက် ရိုက်ကူးဖို့ရှိသလို  သူပါဝင်သရုပ်ဆောင်ထားတဲ့ အလွမ်းဒဏ္ဏာရီဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးကို မင်းသား အားသစ်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Photo: ဟန်တီ ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD