AD
AD
AD

သရုပ်ဆောင် အိစိကွေး ကို ပရိသတ်တွေက ငယ်ငယ်ကတည်းက ချစ်ခင်အားပေးလာကြတာဖြစ်ပါတယ်။ အခုချိန်မှာ ပရိသတ်တွေရဲ့ အချစ်က လျော့သွားသလို ခံစားနေရတယ်၊ ပရိသတ်တွေက အရင်ကလောက် မချစ်တော့ဘူးထင်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' ငယ်ငယ်တုန်းကဆိုရင် ရှုတင်တွေလည်း အမြဲရိုက်နေရတယ်။ ပြီးတော့ ပရိသတ်တွေ ချစ်တာလည်း အရမ်းခံခဲ့ရတာပေါ့။ အခုချိန် စပ်ဦးမှတ်ဦးအရွယ်ရောက်လာတော့ ရုပ်ရှင်ရိုက်တာတွေလည်း နည်းသွားတယ်။ ပရိသတ်တွေကလည်း ချစ်ကြတယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ အလုပ်လေးပါးလာတာနဲ့ အမျှ အရင်ကလောက် မချစ်တော့ဘူးလို့ စိတ်ထဲမှာဖြစ်လာတာပေါ့'' လို့ ဆိုပါတယ်။

play

 

တစ်ခါတစ်လေ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်း နေချင်တာမျိုးတွေရှိတယ်လို့ဆိုပါတယ်။

'' အလုပ်က အဆင်မပြေတာ တချို့ကြောင့်ရယ်၊ တစ်ခါတစ်လေကျတော့ တခြားအပြင်ကိစ္စတွေကြောင့်ရယ် အမျိုးမျိုးပေါ့၊ အဲ့ဒီအခါ ကျရင် ကိုယ့်ကိုယ်ကို အရမ်းကြီး စိတ်ကျဉ်းကျပ်သလို ဖြစ်လာရတယ်။ တစ်ယောက်တည်းနေချင်တဲ့အခါကျရင် ရွတ်တတ် တာပေါ့ ဗျာ။ ရွတ်ပြီးတော့လည်း အကုန်လုံးကိုပြောလေ့ပြောထရှိတာပေါ့'' လို့ ဆိုပါတယ်။

play

 

စိတ်ဓာတ်ကျတာတွေရှိပေမယ့် ငယ်ငယ်ကတည်းက လုပ်လာတဲ့ အနုပညာအလုပ်ကို မစွန့်လွှတ်ဘူးလို့ ဆိုပါတယ်။

'' ကိုယ့်ရှေ့က လူတွေကိုကြည့်လိုက်ရင် အနုပညာအလုပ်တွေကို အကြာကြီးလုပ်သွားတာမြင်ရတော့လည်း မစွန့်လွှတ်ချင်ဘူး။ ကိုယ်ငယ်ငယ်ကတည်းက လုပ်လာတဲ့ အလုပ်ဆိုတော့လည်း ကိုယ်ဘယ်လောက်ပဲ ဖြစ်ဖြစ် မိဘတွေက မလုပ်တော့ဘူးလားလို့ မေးလိုက်ရင် ဖြေရခက်သွားတယ်။ စာရေးတာတွေကလည်း ခဏပဲရေးတာပါ တကယ်တမ်း ထွက်ခွာသွားဖို့ဆိုတာ မလွယ်ကူပါဘူး'' လို့ အိစိကွေးက ပြောပါတယ်။

play

 

အိစိကွေးကိုတော့ ဟိုးငယ်ငယ်လေးကတည်းက ပရိသတ်တွေက အားပေးချစ်ခင်လာကြတာပါ။ အခုချိန်ထိလည်း အားပေးချစ်ခင် နေကြတဲ့ ပရိသတ်တွေရှိပါသေးတယ်။ အခုလက်ရှိမှာလည်း သရုပ်ဆောင်ကျော်သူ ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရပါတယ်။

Photo: အိစိကွေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD