AD
AD
AD

အနုပညာအလုပ်တွေကိုရော၊ ပရိသတ်တွေနဲ့ပါ ခဏတာဝေးကွာနေတဲ့ သရုပ်ဆောင် ဂန္ထဝင်ဟာ အခုဆိုရင်အနုပညာအလုပ်တွေကို တဖြည်းဖြည်းပြန်လည်ဆောင်ရွက်လာပါပြီ။ ပရိသတ်တွေ စိတ်ဝင်စားမယ့် သူ့ရဲ့ အချစ်ရေးအကြောင်းကိုလည်း Duwun media ကနေရင်ဖွင့်ပြောပြခဲ့ပါတယ်။

play

 

''အချစ်ရေးအကြောင်းကိုလည်း အစ်မ မစဉ်းစားပါဘူး အရွယ်တစ်ခုကြောင့်လည်းဖြစ်တယ်၊ ဘာသာရေးကိုပဲ ပိုလုပ်ဖြစ်တယ်။ အဲ့ဒါကြောင့်လည်း အချစ်ရေးဘက်ကို စိတ်သိပ်မရှိတော့ဘူး။ စဉ်းစားဖို့လည်း ဆန္ဒမရှိပါဘူး'' လို့ဆိုပါတယ်။

play

 

သူ့အတွက် အေးချမ်းတဲ့ အချစ်ကတော့ ၅၂၈ အချစ်ပါတဲ့။

'' အချစ်တွေကတော့ အကုန်လုံးက အချစ်ပဲလေ၊ မိဘတွေရဲ့ အချစ်၊ မောင်နှမတွေရဲ့အချစ်၊ ဆွေမျိုးသားချင်းတွေရဲ့ အချစ်ပဲလေ ပူလောင်တဲ့ ၁၅၀၀ အချစ်နဲ့ ၅၂၈ အချစ်ဆိုတာလောက်ပဲ ကွာသွားတာ။ အချစ်တွေဆိုတာတော့ ဘယ်တော့မှ မကုန်ဆုံးပါဘူး ပုံစံနည်းမျိုးစုံနဲ့ ချစ်ကြပေမယ့် ၅၂၈ အချစ်ကတော့ ကိုယ့်အတွက် အေးချမ်းမှုရှိတာပေါ့နော်'' လို့ သရုပ်ဆောင် ဂန္ထဝင်က ပြောပါတယ်။

play

 

တစ်ယောက်တည်းပဲ နေတော့မှာလားဆိုတော့ .......

'' ဗုဒ္ဓဘာသာလူမျိုးတစ်ယောက်ဖြစ်တဲ့အတွက် ကံကိုလည်းယုံကြည်တယ်။ ကိုယ်ကတော့ ဒီလိုပဲ အေးအေးဆေးဆေး တစ်ယောက် တည်း နေမယ်လို့ မျှော်လင့်ထားတယ်။ တစ်ခါတစ်လေကျရင်လည်း မမြင်ရတဲ့ကံက ပြောလို့မရဘူးနော်'' လို့ဆိုပါတယ်။

play

 

သရုပ်ဆောင်ဂန္ထဝင်ကို အခုချိန်ထိအားပေးတဲ့ ပရိသတ်တွေရှိနေတုန်းပါပဲ။ စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းအောင် ပြောတတ်တဲ့ ဂန္ထဝင်က အခုဆိုရင် ကိုယ်ပိုင်စီးပွားရေးလည်း ဆောင်ရွက်နေသလို ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပြန်လုပ်နေပြီလို့ သိရပါတယ်။

photo: ဂန္ထဝင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD