AD
AD
AD

သရုပ်ဆောင်သက်မွန်မြင့် တစ်ယောက် ၂၀၁၈ ခုနှစ်က သူ့အတွက် ကံကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်တဲ့အကြောင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

''၂၀၁၈ ထဲမှာတော့ သက်မွန်ကံကောင်းတယ်လို့ပြောရမယ်၊ ကိုယ်မရိုက်ဖူးသေးတဲ့ ကာရိုက်တာတော်တော် များလာတယ်'' လို့ ဆိုပါတယ်။

play

 

မရိုက်ဖူးသေးတဲ့ ကာရိုက်တာအကြောင်းကိုလည်း အခုလိုမိတ်ဆက်ပေးခဲ့ပါတယ်။

'' ဇာတ်လမ်းအနေနဲ့လည်း ဆန်းဆန်းပြားပြားလေးတွေရိုက်ရတယ်။ ကာရိုက်တာအနေနဲ့လည်း ကွဲထွက်တာလေးတွေ ရိုက်ရတယ် ဆိုတော့ ၂၀၁၈ ကတော့ လောလောဆယ် ကံကောင်းတယ်လို့ ပြောရမှာပေါ့'' လို့ သူကဆိုပါတယ်။

play

 

သက်မွန်မြင့်ဟာ အခုဆိုရင် ဒါရိုက်တာဘုဏ်းသိုက်ကိုယ်တိုင်ရိုက်ကူးတဲ့ စားကျက်ရုပ်ရှင်ဇာတ်ကားကြီးကို မင်းသားနိုင်နိုင်း နဲ့ အတူ တွဲဖက်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သိုးကျောင်းတဲ့ မုဆိုးမလေးတစ်ယောက်ရဲ့ ကာရိုက်တာအဖြစ် ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo: သက်မွန်မြင့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD