AD
AD
AD

သရုပ်ဆောင် ခင်လှိုင်ဟာ ဧပြီလ ၄ ရက်နေ့ က တေးသံရှင်မိုးထက်မြင့်နဲ့အတူ မကွေးတိုင်းဒေသအတွင်းမှာ ရေပြတ်လတ် နေတဲ့ မကွေးတိုင်းမြို့နယ် ကြာကန်ကျေးရွာအုပ်စုမှာရှိတဲ့ ကြာကုန်းတဲဘုန်းကြီးကျောင်းတိုက်ကို စက်ရေတွင်းတူးနိုင်ရေးအတွက် အလှူငွေ များကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

''ရေကုသိုလ်ရှင်အပေါင်းတို့ခင်ဗျာကျွန်တော်တို့ရဲ့ ရေအလှုလေးအောင်မြင်ဖို့ပထမခြေလှမ်းအဖြစ်စက်ရေတွင်းတူးနိုင်ဖို့စရံငွေအဖြစ် ကျပ်သိန်းနှစ်ဆယ်တိတိကိုရွာဦးဆရာတော်နှင့်ရွာလူကြီးရှေ့တွင်စက်ရေတွင်းတူးမည့် ကိုစောရောဘ အား စရံငွေပေးအပ်ခဲ့ပါတယ် ။ ရွာသူရွာသားများနှင့်လဲရင်းနှီးစွာအမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်'' လို့ ဆိုပါတယ်။

play

 

ရေတွင်းတူးမယ့်အချိန်က တစ်လလောက်ကြမယ်လို့ ဆိုပါတယ်။

''ရေတွင်းတူးချိန် ခန့်မှန်းတစ်လ ခန့် ကြာမည်ဟု သိရပါ တယ်။ ရေတွင်းတူးခြင်း ရေမော်တာတပ်ဆင်ခြင်း မီးစက်ဝယ်ယူတပ်ဆင် ခြင်း ရေစင်ဆောက်လုပ်ခြင်း စသည့်ကုန်ကျစရိတ်နှင့် အလှူငွေရရှိသည့်စာရင်းအား ရေကုသိုလ်ရှင်များသိရှိနိုင်ရန်အတွက် အသေးစိတ်ကို ထပ်မံဖော်ပြပါမည် ရေကုသိုလ်အကျိုးတော် ဆောင် အဖွဲ့ '' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

စက်ရေတွင်းတူးဖို့ ကုသိုလ်ပါဝင်ခဲ့ကြတဲ့ နှင်းဆီဖောင်ဒေးရှင်းမှ ဆယ်သိန်းကျပ်၊ Lavender ရုပ်ရှင်ထုတ်လုပ်ရေးမှ ကိုစိုင်း+မပိုင်ငယ် သုံးသိန်း၊ ကိုခန့် စည်သူမိသားစု သုံးသိန်း၊ ကိုပြည့်မောင်+မစမိုင်းမိသားစု (သုံးသိန်း)၊အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမိသားစု ငါးသိန်းနဲ့ ကိုးဘွဲ့ ရ ဒေါက်တာ စည်သူလှဝင်းအောင်(လူမှုထူးချွန်ပထမဆင့်)မှ ငါးသိန်း လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။

Photo: ခင်လှိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD