AD
AD
AD

သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ ပထမဆုံးအကြိမ် ဖေ့စ်ဘုတ်အကောင့် ခိုးယူခံရတုန်းက အရမ်းကြောက်ခဲ့တယ်တဲ့။ သူကိုယ်တိုင်က လည်း Social Media ဆိုတာကို ကြောက်တတ်တဲ့သူမျိုးပါလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သု အကောင့် ဟက်ခံရတုန်းကတော့ ထူးထူးခြားခြားပြောင်းလဲတာ မရှိလိုက်ဘူး Facebook Team ကို Report တင်လိုက်တာ ပေါ့နော်၊ အဲ့ဒီအခါ ကျတော့ ပြန်ရသွားတယ်။ အနုပညာရှင်တွေအတွက် နစ်နာမှုတွေလည်း ရှိခဲ့တယ်။ ပြီးတော့ Social Media တွေရဲ့ တိုက်ခိုက်မှုတွေကို သု ကြောက်တယ်။ Social Media ဆိုတာ လူတစ်ယောက်ကို ဝုန်းကနဲဆိုပြီး ဆွဲတင်ပေးနိုင်သလို ဘုန်းကနဲ ပြုတ်ကျသွားအောင်လည်း လုပ်ပစ်လိုက်နိုင်တယ်'' လို့ ဆိုပါတယ်။

play

 

အကောင့်ခိုးယူခံခဲ့ရပြီးနောက် ပြန်မသုံးချင်တော့လောက်အောင် တွေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

'' သု အကောင့်ကို ယူသွားပြီးတော့ အကောင့်ထဲက လူတွေကို စကားသွားပြောမှာတွေ၊ လူမုန်းအောင် စာတွေ တင်မှာတွေကို အရမ်းကြောက်တယ်။ သု မှာက လူမုန်းခံရမှာ အရမ်းကြောက်တဲ့ ဆိုဒ်ကိုရှိတယ်။ နောက်ဆို Social Media ကိုမသုံးတော့ရင် ကောင်း မလား ဆိုပြီး တွေးကြောက်ခဲ့ဖူးတယ်။ စာချုပ်ကိစ္စတွေရှိတယ်၊ အလုပ်ကိစ္စတွေလည်း ရှိတော့ မသုံးလို့ကလည်း မရဆိုတော့ ကြောက်ကြောက်နဲ့ ပြန်သုံးဖြစ်နေတယ်'' လို့ သူကဆိုပါတယ်။

play

 

အနုပညာရှင်တွေရဲ့ ဖေ့စ်ဘုတ်အကောင့်တွေ ခဏခဏခိုးယူခံနေရချိန်မှာ ပိုင်ဖြိုးသုကလည်း သူ့အကောင့် ခိုးယူခံခဲ့ရတုန်းက ခံစားချက်တွေကို ပြောပြခဲ့တာပါ။ အခုဆိုရင်တော့ ဖေ့စ်ဘုတ်အကောင့်ပြန်အသုံးပြုနေတဲ့အတွက် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်သေးပါဘူး။

Photo: ပိုင်ဖြိုးသုဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD