AD
AD
AD

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်းအများကြီးပိုင်ဆိုင်ထားသလို ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ ဒီလိုပိုင်ဆိုင်မှုတွေ ရှိလာနိုင်အောင်လည်း ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အစ်မတို့က ချက်ချင်းကြီး ချမ်းသာလာတာတော့ မဟုတ်ဘူး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲနဲ့ ကြိုးစားခဲ့ရတယ်။ ပိုဆိုးတာက အစ်မ တို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားတာဆိုတော့ ဆင်းရဲဒုက္ခမျိုးစုံခံရတယ်။ အဓိကပြောချင်တာကတော့ ကြိုးစားပါ ဘုရား တရားကို မမေ့ပါနဲ့လို့ ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

play

 

အောင်မြင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့ ကြိုးစားခဲ့ရတာတွေလည်း ပြောပြခဲ့ပါတယ်။

'' အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ဆိုတာ သူ့ဘက်ကလည်း ကြိုးစားသလို အစ်မက မိန်းမဆိုတော့ အိမ်ထောင်ရေးကိုလည်း ထိန်းသိမ်းရတာပေါ့နော်။ နှစ်ယောက်စလုံး ညီညီမျှမျှလုပ်မှလည်း အောင်မြင်တဲ့ အိမ်ထောင်ရေးဖြစ်မှာပဲလေ'' လို့ ဆိုပါတယ်။

play

 

ပရိသတ်တွေအားကျလွန်းတဲ့ သရုပ်ဆောင် စမိုင်းလ်ရဲ့ ခမ်းနားတဲ့ အိမ်ကြီးကတော့ ....

'' အစ်မတို့ အင်္ဂလန်မှာကတည်းက ကိုယ့်အိမ်လေးဆိုရင် ဘယ်လိုနေချင်တယ် ဆိုတာကို ပုံလေးဆွဲတယ်။ ဓာတ်ပုံလေးတွေလည်း စုတယ်။ မြန်မာပြည်ရောက်တော့ အစ်မတို့ ကွန်ဒိုလေးဝယ်တယ် ပြီးတော့မှ ခြံလေးဝယ်ပြီး ဒီအိမ်ကို ဆောက်မယ်ပေါ့။ တဖြည်းဖြည်းနဲ့ ကိုယ်လိုချင်တဲ့ အိုင်ဒီယာမျိုး ဆောက်ခဲ့တာပေါ့။ အိမ်ရဲ့ တန်ဖိုးကလည်း လိုတာတွေ ထပ်ထည့်နေတာ ဆိုတော့ သေချာမသိသေးဘူး'' လို့ စမိုင်းလ်က ပြောပါတယ်။

play

 

သရုပ်ဆောင်စမိုင်းလ်ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင်အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။

Photo: စမိုင်းလ်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD