AD
AD
AD

မြန်မာပြည်ရဲ့ ငုရင်ထရန်ဟုရန်မေရဲ့ ကိုယ်ပွားလေးလား လို့တောင်တင်စားခံရတဲ့ ယမင်းမေဦး ပါဝင်သရုပ်ဆောင်ထားတဲ့ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးထဲက သူ့ရဲ့ စကားပြောတဲ့ အသံကတော့ အဓိက လိုအပ်ချက်ပါပဲလို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' အဲ့ဒီဇာတ်ကားထဲမှာဆိုရင် ညီမအသံက ကလေးလိုလို ညှောင်နာနာအသံလိုဖြစ်နေတယ်။ကိုယ့်အသံ ကိုယ်တောင် နားမထောင်ချင်ဘူး အသံကိုလည်း Control လုပ်ရကောင်းမှန်းမသိဘူး။ ပထမဆုံးဇာတ်ကားဆိုတော့လည်းလေ အခုနောက်ပိုင်းတော့အပြင်မှာ စကားပြောသလို စိတ်လွတ်ကိုယ်လွတ်ကိုပြောချပစ်လိုက်တာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ဆရာမက နမူနာပြတော့ ကိုယ့်အသံက တော်တော်လိုနေတယ်ပေါ့။ အခုနောက်ပိုင်းတော့ ကိုယ့်အသံကိုယ် ပြုပြင်နေပါတယ်'' လို့ ဆိုပါတယ်။

play

 

ဇာတ်ကားရုံတင်တဲ့အခါကျရင်လည်း ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုတာတွေကို နားထောင်ချင်သေးတယ်လို့ ဆိုပါတယ်။

'' ဒီဇာတ်ကားလေးရုံတင်ရင်တော့ ပရိသတ်တွေရဲ့ Feedback ကို အရင်ဆုံးနားထောင်ရမှာပါ။ ဒါပေမယ့် ကြည့်လို့ရှိရင် ညီမရဲ့ အသံလေးကိုတော့ နည်းနည်းတော့ နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။ အခုတော့ ပိုးကောင်လေးများဆိုတဲ့ ဇာတ်လမ်းတွဲရိုက်ကူး နေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

ယမင်းမေဦးဟာ သရဲဆိုတာဂျိုနဲ့လားဟေ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ရန်အောင်၊ မို့မို့မြင့်အောင် တို့ရဲ့သမီးအဖြစ်၊ ဇွဲပြည့်ရဲ့ ချစ်သူအဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အခုဆိုရင် ဗီဒီယို ဇာတ်ကားတွေ လက်ခံရိုက်ကူးနေရသလို ရုပ်သံဇာတ်လမ်းတွဲလည်း ရိုက်ကူးလက်ခံဖြစ်နေတယ်လို့ သိရပါတယ်။

Photo: ယမင်းမေဦးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD