AD
AD
AD

မအေးသောင်းလို့ ချစ်စနိုးနဲ့ ပရိသတ်တွေခေါ်ကြတဲ့ အေးဝတ်ရည်သောင်း တစ်ယောက် ပဲများတတ်စအရွယ်မှာ အမှတ်တရရှိခဲ့တဲ့ သင်္ကြန်ဖြတ်သန်းမှုလေးအကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

" ၁၂ နှစ်အရွယ်တုန်းကတော့ အလှပြင်တတ်တဲ့အရွယ်မှာ တစ်ကိုယ်လုံး အိုးမဲသုတ်တာခံလိုက်ရတော့ အကြီးအကျယ် ငိုတာတော့ မှတ်မှတ်ရရပဲ ကျန်တာကတော့ သိပ်မရှိဘူး။ အဲ့ဒီအချိန်တုန်းကလည်း အရမ်းပဲများတဲ့အချိန်ပေါ့ အလှပျက်သွားတော့ ခြေထောက် ဆောင့်ပြီးတော့ အောက်မှာထိုင်ပြီးငိုတာတော့ ဖြစ်ဖူးတယ်'' လို့ ဆိုပါတယ်။

play

 

သင်္ကြန်နားနီးလာတဲ့အခါ မအေးသောင်းရဲ့ ခံစားချက်လေးတွေက ပျော်တယ် တဲ့။

'' သင်္ကြန်နားနီးတိုင်းတော့ ပျော်တယ်။ သင်္ကြန်သီချင်းတွေကြားရရင်၊ သင်္ကြန်ရောက်ရင်ပျော်တယ်။ ရေပက်နေတဲ့သူတွေ ပျော်နေကြတဲ့လူတွေကို တွေ့နေရရင် ပျော်တယ်။ သင်္ကြန်ဖက်ရှင်ကလည်း အရမ်းကြီး ထူးထူးခြားခြားတော့ မဝတ်တတ်ဘူး ပုံမှန်ပါပဲ။ အသားအရေနဲ့ပတ်သက်ပြီးတော့ နေလောင်မှာလည်း ကြောက်တဲ့အတွက် သေချာလေးတော့ ဂရုတစိုက်ဝတ်ဖြစ်မှာပါ'' လို့ သူက ဆိုပါတယ်။

play

 

အေးဝတ်ရည်သောင်းတစ်ယောက် ဒီနှစ်သင်္ကြန်ကိုတော့ နေပြည်တော်မှာ ရှိနေမယ်လို့ သိရပါတယ်။ အရင်နှစ်တွေကတော့ ရန်ကုန် သင်္ကြန်ပဲ ဖြတ်သန်းဖြစ်ခဲ့တာတဲ့။ သူ့အနေနဲ့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အနုပညာရှင် တစ်ယောက် လည်းဖြစ်ပါတယ်။ သူ့ကိုပရိသတ်တွေပိုချစ်လာကြတာကတော့ မြန်မာဝတ်စုံလှလှလေးတွေနဲ့ အင်မတန်လိုက်ဖက်လွန်းတဲ့ ဓာတ်ပုံ လေးတွေကြောင့်ပါ။

Photo: မအေးသောင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD