AD
AD
AD

လက်ရှိအောင်မြင်နေကြတဲ့ ဒါရိုက်တာတွေထဲကမှ ဒါရိုက်တာခရစ္စတီးနားခီဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Central Base ရုပ်ရှင် ထုတ်လုပ်ရေးကနေ ဒုတိယမြောက်ဒါရိုက်တာ အသစ်ဆက်ဆက်ကို မွေးထုတ်ပေးတော့မယ်လို့ သိရပါတယ်။

play

 

'' Central Base ရဲ့ ဒုတိယမြောက် ဒါရိုက်တာဟာ ဘယ်သူများဖြစ်မလဲဆိုပြီး တွေးကြည့်တိုင်း ရင်ခုန်မိတယ်။ ကိုယ့်တုန်းက ကျောင်းပြီးလို့ ၉နှစ်ကျော်ကြာမှ...မြန်မာပြည်ပြန်လာပြီး ၅နှစ်ကျော်မှ ရခဲ့တဲ့ အခွင့်အရေး...ရရခြင်းနေ့က အိမ်ပြန်လာတော့ ယောင်္ကျားကို အရမ်းရိုက်ချင်ကြောင်း နဲ့ music ရော ဇာတ်ညွှန်းရော ဝိုင်းကူပေးဖို့ပြောမိတယ်။ သူက Of course လို့ပြော တယ်။ပိုက်ဆံမရလောက်ဘူးဆိုလည်း of course ကြီးပဲပြောရှာတယ်။ နောက်ဆုံး casting ကို အားလုံးအခွင့်အရေး တန်းတူပေးဖို့နဲ့ သူလည်းလာလျှောက်မယ်..မရခဲ့ရင် မင်းကို ကိုယ် ပရိုဂျူစ် လုပ်မယ်လို့ပြောပြီး စခဲ့ရတာ'' ဆိုပြီးတော့ သူ့ရဲ့ အတွေ့အကြုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။

play

 

ဒါရိုက်တာခရစ္စတီးနားခီ ဟာ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မုဒြာရဲ့ခေါ်သံဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကို အောင်မြင် အောင်bဖန်တီးပေးနိုင်ခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုဆိုရင် ဒါရိုက်တာအလုပ်ကို မြတ်နိုးတန်ဖိုးထားပြီး အိုင်ဒီယာအသစ်တွေ ရေးဆွဲနိုင်မယ့် မျိုးဆက်သစ် ဒါရိုက်တာ တစ်ယောက်ကို မွေးထုတ်ပေးချင် နေပြီဖြစ်ပါတယ်။

play

 

Central Base ရုပ်ရှင်ထုတ်လုပ်ရေးကပဲ ရိုက်ကူးထုတ်လုပ်လိုက်တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားနဲ့ မုဒြာရဲ့ခေါ်သံ ရုပ်ရှင် ဇာတ်ကား တွေကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေဖြစ်လို့ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တာဖြစ်ပါတယ်။

Photo: ခရစ္စတီးနားခီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD