AD
AD
AD

ဒီနေ့ဟာ သရုပ်ဆောင်ခန့်စည်သူရဲ့ နှစ်သစ်အကြို အလှူမင်္ဂလာဖြစ်တဲ့ ပဋိကဂုဏ်ရည်(၃)ထပ်ကျောင်းဆောင်ကြီးရဲ့ ပဋိကတိုက် တော် ရတနာအုတ်မြစ်တော်စီမင်္ဂလာပွဲကို သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ဓမ္မဝိဟာရပထမကျော်စာသင်တိုကနှင့်ဓမ္မရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ဒီအလှူမင်္ဂလာပွဲကတော့ ပဋိကဂုဏ်ရည်(၃)ထပ်ကျောင်းဆောင် ပဋိကတိုက်တော်ရတနာအုတ်မြစ်တော်စီမင်္ဂလာ၊ ရဟန်းပဉ္ဇင်း(၁၀)ပါး၊ ရှင်သာမဏေ(၁၀၈)ပါးတို့ကို ဗုဒ္ဓသားတော်များအဖြစ် သာသနာ့ဘောင်ကို ပို့ဆောင်ပြီး သာသနာ့အမွေခံယူခဲ့ပါတယ်။

play

 

နောက်ထပ်လည်း အလင်းပြကောင်းကင် ဒီဇိုင်နာပရဟိတသင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားတွေအတွက် အပတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ အပတ်စဉ်(၂) သင်တန်းဖွင့်ပွဲနဲ့ ပဋိကဂုဏ်ရည်ကျောင်းတိုက်ကနေ ဆောင်ရွက်လျှက်ရှိတဲ့ ကိစ္စအဝဝအတွက် အလှူငွေကျပ် သိန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီအလှူမင်္ဂလာပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင်အိချောပိုကလည်း အမှတ်တရပုံလေးတွေတင်ခဲ့ပါတယ်။

'' မိဘနှစ်ပါးဦးထိပ်ထား၍(၇)ရက်သားသမီးများကိုယ်စား အလှူဒါယကာ အကယ်ဒမီခန့်စည်သူ၏နှစ်သစ်အကြို (၃)ထပ် ကျောင်းဆောင် အုတ်မြစ်စီမင်္ဂလာနှင့်ရဟန်း(၁၀)ပါး ,ရှင်သာမဏေ(၁၀၈)ပါးတို့အားဗုဒ္ဓသားတော် အဖြစ်သာသနာ့ဘောင် သို့ ပို့ဆောင်သာသနာ့အမွေခံယူ အလှူတော်မင်္ဂလာပွဲမှာ'' ဆိုပြီးတော့ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ခဲ့ပါတယ်။

play

 

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟအဖွဲ့ အနေနဲ့ ပရဟိတတွေဆောင်ရွက်နေသလို သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကိုလည်း ရရှိထား သူဖြစ်ပါတယ်။

Photo: အိချောပိုဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD