AD
AD
AD

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ အနုပညာမျိုးစက်သစ်လေးဖြစ်တဲ့ တူမလေး မေတိုးခိုင် ဟာ လူငယ်ပရိသတ်လေးတွေရဲ့ ဝန်းရံခြင်း ကို ခံနေရသူတစ်ယောက်ပါ။ ဝန်းရံနေကြတဲ့ ပရိသတ်တွေသိချင်နေတဲ့ သူ့ရဲ့ အချစ်ရေးကို Duwun Media ကနေဖြေဆို ပေးခဲ့ ပါတယ်။

play

 

'' အချစ်ရေးကတော့ Single ဖြစ်နေလို့ ဘာသတင်းမှ မကြားရသေးတာပါ။ အခုလက်ရှိမှာ အနုပညာအလုပ်တွေကိုပဲ အဓိကထား လုပ်ဖြစ်နေတာကြောင့် အချစ်ရေးဘက်ကို သိပ်ပြီးတော့ အာရုံမစိုက်ဖြစ်သေးတာပါ။ မိဘတွေကလည်း နားလည်မှုရှိကြပါတယ် ညီမကိုယ်တိုင်က အချစ်ရေးကို စဉ်းစားနေမယ်ဆိုရင် အနုပညာအလုပ်တွေ အပေါ် အာရုံလျှော့သွားမှာစိုးလို့ပါ'' လို့ ဆိုပါတယ်။

play

 

မေတိုးခိုင် လိုချင်တဲ့ ချစ်သူမျိုးက ....

'' အဓိက ကတော့ နားလည်မှုအများကြီးပေးနိုင်ပြီးတော့ ဖူးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ပေါ့။ ဖူးက ပျော်ရတာကြိုက်တဲ့အတွက် ပျော်ပျော်ပါးပါးနဲ့ နားလည်မှုပေးနိုင်မယ့် လူမျိုးကို ရွေးချယ်မှာပါ။ မေတိုးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း ယောက်ျားလေးထက် မိန်းကလေး ပရိသတ်က ပိုများမယ်လို့ထင်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

မေတိုးခိုင်ကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD