AD
AD
AD

သရုပ်ဆောင် နန်းခင်ဇေယျာက ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေ လက်ခံရိုက်ကူးခဲ့ပေမယ့်ပရိသတ်တွေနဲ့ ထိတွေ့မှု ပိုများတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုတော့ ပထမဆုံးအကြိမ် လက်ခံရိုက်ကူးသွားဖို့ရှိတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

play

 

'' သင်္ကြန်ပြီးရင်တော့ ဇာတ်လမ်းတွဲလေးရိုက်ဖို့ရှိပါမယ် ဒါကတော့ Skynet mntv က လွှင့်မှာပေါ့ ရှပ်ဖိုးချစ်သူလို့ နာမည်ပေးထားပါတယ်။ နန်းခင်ရယ်၊ မပွင့်ရယ်၊ ကိုဇေယျရယ် ပါမယ်။ ဇာတ်လမ်းတွဲအနေနဲ့ကတော့ ပထမဆုံးရိုက်ဖြစ်တာပေါ့။ အခုချိန်မှာက ဇာတ်လမ်းတွဲတွေလည်း ပိုရိုက်ဖြစ်ကြတယ်၊ ဇာတ်လမ်းတွဲကိုလည်း ပိုပြီးတော့ ရိုက်လာကြတယ်'' လို့ ဆိုပါတယ်။

play

 

ရုပ်သံဇာတ်လမ်းတွဲလက်ခံရိုက်ကူးဖြစ်တဲ့ အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကာရိုက်တာထူးခြားမှုကတော့ ဘာမှမရှိပါဘူး၊ ဖန်စီဟာသ ကားလေးပါပဲ။ ဇာတ်လမ်းတွဲကကျတော့ ပရိသတ်နဲ့ပိုပြီးတော့ ထိတွေ့မှုရှိတယ်။ သူက ဇာတ်လမ်းတွဲဆိုတော့ အချိန်လည်း ပိုပေးရတယ်။ အခန်းစဉ်တွေလည်း သေချာမှတ်ရတာဆိုတော့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်တာနဲ့တော့ တော်တော်ကိုကွာပါတယ်'' လို့ သူကဆိုပါတယ်။

play

 

နန်းခင်ဇေယျာဟာ Miss Myanmar International 2012 အလှမယ် တစ်ယောက်ဖြစ်ခဲ့တဲ့ နန်းခင်ဇေယျာက ပရဟိတလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဖြစ်နေသလို အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေ ရိုက်ကူးနေသလို ပွဲတွေမှာလည်းသီချင်းများ ဆိုဖြစ်နေတယ်လို့ သိရပါတယ်။

Photo: နန်းခင်ဇေယျာဖေ့စ်ဘုတ်ပေ့ခ်ျ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD