AD
AD
AD

သရုပ်ဆောင် ဆုအိမ့်စံကို သူ့ရဲ့ ပရိသတ်တွေက ဟာသမင်းသမီးတစ်ယောက်အဖြစ်နဲ့ အားပေးကြတာများပါတယ်။ သူ့ အနေနဲ့ တခြားဇာတ်ရုပ်တစ်ခုသရုပ်ဆောင်နိုင်ဖို့ ကြိုးစားရဦးမယ်လို့Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' မရိုက်ဖူးသေးတဲ့ ကာရိုက်တာတွေရိုက်ဖို့ဆိုတာ ဆုဆုအတွက်တော့ အများကြီးရိုက်ဖို့လိုသေးတယ်။ ကာရိုက်တာအစုံ ဖြစ်အောင် လည်း ရိုက်ကြည့်ချင်တယ်။ အဲ့ဒီအတွက်လည်း ဆုဆုတို့ရဲ့ အောင်သီရိထုတ်လုပ်ရေးကနေ ပြောထားတာတွေလည်းရှိပါတယ်။ Confim ဖြစ်ရင် ပြန်ပြောပါ့မယ်'' လို့ဆိုပါတယ်။

play

 

ကမ်းလှမ်းလာတဲ့ ဇာတ်ရုပ်တိုင်းကိုလည်း စီနီယာအနုပညာရှင်မောင်နှမတွေနဲ့ တိုင်ပင်ဖြစ်တယ်တဲ့။

'' တကယ်လို့ ကာရိုက်တာတစ်ခု သရုပ်ဆောင်ရတော့မယ်ဆိုရင် စီနီယာအစ်ကိုတွေနဲ့ သေသေချာချာလေးတိုင်ပင်ပြီးတော့ အကောင်းဆုံးပြင်ဆင်ဖြစ်ပါတယ်။ ဆုအိမ့်စံ မဟုတ်တဲ့ တခြားဇာတ်ကောင်ကွဲထွက်သွားတဲ့ ပုံစံမျိုးတွေလည်း ရိုက်ချင်ပေမယ့် ဆုဆု ကြိုးစားဖို့တွေ လိုသေးတယ်။ ဆုဆုကို လာကမ်းလှမ်းတဲ့ ဇာတ်ရုပ်တွေကိုကြည့်ပြီး လက်ခံဖြစ်သွားမှာပါ'' လို့ ဆိုပါတယ်။

play

 

ဆုအိမ့်စံကို ဖေ့ဘုတ်ရွာဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အခုဆိုရင်တော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိသတ်တွေအတွက် ထူးခြားတဲ့ ဇာတ်ရုပ်တွေကို ကြိုးစားချင်သေးတယ်လို့ ဆိုပါတယ်။
Photo: ဆုအိမ့်စံဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD