AD
AD
AD

ဟာသသရုပ်ဆောင်တစ်ယောက်လည်းဖြစ်၊ Five Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်တဲ့ ကျင်ဝှက် ဟာ ပွဲတွေက ဇာတ်ကားတွေ ရိုက်နေရပေမယ့် အကြွေးတွေ ပတ်လည်ဝိုင်းနေခဲ့ပါတယ်။ သူ့ရဲ့ လုပ်စာလေးနဲ့ မိသားစုစားဝတ်နေရေးကလည်း အဆင်မပြေပါဘူးလို့ Duwun Media ကနေ ရင်ဖွင့်စကားဆိုခဲ့ပါတယ်။

play

 

'' စီးပွားရေးကတော့ နင်လားငါလား၊ ပြေလည်လှတယ်ရယ်လို့ မဟုတ်ဘူး။ အကြွေးတွေက ပတ်လည်ဝိုင်းနေတာ အဲ့ဒီအကြွေးလေးတွေ မကြေသေးဘူး။ ပရိသတ်တွေက 5 Stars 5 Stars ဖြစ်နေကြပေမယ့်အဆင်ပြေပြီလို့ထင်တာ ဒါပေမယ့် အဆင်မပြေပါဘူး။ အိမ်မှာက ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိသေးတယ်။ ဦး ရဲ့ လုပ်စာနဲ့ မိသားစု စားဝတ်နေရေးရှိသေးတယ်၊ ဒါပေမယ့် ဦးရဲ့ ဆရာသမားတွေ လိုအပ်နေတာရှိရင် တက်နိုင်သလောက်လေးကူညီသေးတယ်'' လို့ ဆိုပါတယ်။

play

 

လက်ထဲ ပိုက်ဆံရောက်လာရင် ဘယ်ကိုလှူရမလဲဆိုတာ အရင်တွေးတယ်တဲ့။

'' လက်ထဲ ပိုက်ဆံရောက်လာရင် ဘယ်သွားပြီးလှူရမလဲ ဆိုတာကို အရင်ဆုံး စဉ်းစားတယ်။ အဲ့ဒါကြောင့် အကြွေးရှိပေမယ့် ထမင်းတော့ မငတ်ဘူး။ အကြွေးကလည်း အကြွေးအေးအေးပေါ့ အကြွေးပူမဟုတ်ဘူး အဲ့ဒါလေးတော့ ခံသာတာပေါ့'' လို့ ဆိုပါတယ်။

play

 

လူရွှင်တော်ကျင်ဝှက်အနေနဲ့ Five Stars အဖွဲ့ဝင်တစ်ဦးအဖြစ် ဖျော်ဖြေရေးပွဲတွေမှာလည်း ပါဝင်ဖြစ်သလို၊ ရုပ်ရှင်ဇာတ်ကားကြီး ၊ ဗီဒီယို ဇာတ်ကား ကြီးတွေကိုလည်း ရိုက်ကူးနေရတာဖြစ်ပါတယ်။ သူ့ရဲ့ ထူးခြားချက်အနေနဲ့ သရုပ်ဆောင်ကျော်ဟိန်းပုံစံ အိုက်တင်ပေး တာတွေ၊ သူ့ရဲ့ အသားအရေ တွေကြောင့် ပရိသတ်တွေကလည်း အားပေးကြတာဖြစ်ပါတယ်။

Photo: ကျင်ဝှက်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD