AD
AD
AD

သရုပ်ဆောင်ဝါဆိုမိုးဦးရဲ့ ညီမလေးဖြစ်သူ သဉ္ဇာ့ကိုတော့ ဝါဆိုမိုးဦးနဲ့အတူတွဲရိုက်ထားတဲ့ ငယ်ငယ်က ဓာတ်ပုံအမှတ်တရလေးတွေကနေ တဆင့် ပရိသတ်တွေသတိထားမိခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်အနုပညာအလုပ်တွေကို အစ်ဖြစ်သူနဲ့ အတူတူတွဲလုပ်ဖြစ်သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' ညီမရယ်၊ အစ်မရယ် ငယ်ငယ်တုန်းကပုံတွေ တွဲတင်လိုက်ပြီးတဲ့နောက်မှာ ပရိသတ်တွေ ပိုပြီး သတိထားမိတာ နေမှာပါ။ ညီမကတော့ အခုလက်ရှိ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ ဒုတိယနှစ် နိုင်ငံတကာဆက်ဆံရေး မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်'' လို့ဆိုပါတယ်။

play

 

ပရိသတ်အများစုရဲ့ အားပေးလက်ခံမှုကြောင့်လည်း ဝမ်းသာပီတိဖြစ်ရတယ်တဲ့။

'' ပရိသတ်တွေအများကြီး အားပေးတာကိုတွေ့ရတာလည်း အရမ်းဝမ်းသာတယ်။ ပညာရေးနဲ့ အနုပညာအလုပ်တွေကိုလည်း ပြိုင်တူလုပ်မှာပါ။ ရှေ့ဆက် အနုပညာလှုပ်ရှားမှုတွေကိုလည်း အစ်မ ဝါဆို နဲ့ပဲ အတူတူလုပ်ဖြစ်ဖို့များပါတယ်။ ဘာတွေ လုပ်ဖြစ်မလဲဆိုတာတော့ အတိအကျ မပြောဖြစ်သေးဘူး'' လို့ သူကဆိုပါတယ်။

play

 

သဉ္ဇာကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေ ရိုက်ကူးလက်ခံဖြစ်နေပါတယ်။ သူ့အနေနဲ့ အစ်မဖြစ်သူ ဝါဆိုမိုးဦးနဲ့အတူ ဇာတ်ကားတွေ လည်း ရိုက်ကူးနေပါပြီ။ အားပေးတဲ့ ပရိသတ်တွေရှိလို့ အနုပညာအလုပ်တွေ လုပ်ခွင့်ရပြီလို့ဆိုပါတယ်။

Photo: သဉ္ဇာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD