AD
AD
AD

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းဟာ သားလေးတစ်ယောက်သူ့ဘဝထဲကိုဝင်ရောက်လာချိန်မှာ သားလေးအတွက် မိခင်ကောင်း တစ်ယောက်ဖြစ် ချင် သလို သားလေးကိုလည်း ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တယ်လို့ Duwun Media ကနေရင်ဖွင့်ပြောပြခဲ့ပါတယ်။

play

 

'' သားလေးအပေါ် မျှော်လင့်ချက်တွေ အများကြီးမထား ထားဘူး။ ဘာကြောင့်လဲဆိုတော့ သူလုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင် ရင် သဉ္ဇာကျေနပ်တယ်။ သူဖြစ်ချင်တာကို ပံ့ပိုးပေးမယ် လိမ္မာတဲ့သူတစ်ယောက်၊ ယောက်ျားကောင်းတစ်ယောက်ဖြစ်ရင် သဉ္ဇာကျေနပ် ပါတယ်'' လို့ ဆိုပါတယ်။

play

http://www.duwun.com.mm/entertainment/cele-yatkwat/-id8219859.html

သားလေးကြီးလာရင်တော့ စီးပွားရေးက မဖြစ်မနေလုပ်ရမှာလို့ ဆိုပါတယ်။

'' ကိုယ့်သားအပေါ်မှာ အမေတစ်ယောက်ပီသဖို့အတွက် ကိုယ်လုပ်ပေးရမယ့်အပိုင်းတွေရှိလာတယ်။ အနုပညာအလုပ်ကိုတော့ သူဝါသနာပါရင် ပေးလုပ်မှာပါ။ ဒါပေမယ့် စီးပွားရေးကိုတော့ မဖြစ်မနေသူလုပ်ရမှာပါ။ စီးပွားရေးနဲ့ သူဝါသနာပါတာ တစ်ခုခုပေါ့'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းကတော့ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါတယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ မက်မွန်သီးလေးလို့ ချစ်စနိုးခေါ်တဲ့ သားလေးတစ်ယောက်ရယ်၊ ခင်ပွန်းဖြစ်သူရယ်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

Photo: သဉ္ဇာနွယ်ဝင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD