AD
AD
AD

သရုပ်ဆောင်ဟန်တီလေး ဟာ နယူးယောက်မှာ ပညာသင်ကြားနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကိုတော့ မိသားစုနဲ့ အတူတူဖြတ်သန်းချင်တာကြောင့် သင်္ကြန်အတွင်းကိုတော့ မြန်မာနိုင်ငံကိုပြန်လာမယ်လို့ Duwun Media ကနေပြောပြ ခဲ့ပါတယ်။

play

 

'' သင်္ကြန်ကတော့ ဟန်တီ ဒီမှာပဲရှိမှာပါ။ မြန်မာနိုင်ငံအတွင်းက တစ်နေရာရာမှာတော့ရှိမှာပါ သင်္ကြန် ၅ ရက်ကိုတော့ ဒီမှာနေဖို့ ရှိပါတယ်။ သင်္ကြန်အစီအစဉ်ကတော့ ဘာမှမစီစဉ်ဖြစ်ဘူး ဒါပေမယ့် ကိုယ့်မိသားစုနဲ့ တစ်နိုင်ငံထဲမှာ အတူတူရှိချင်တဲ့ အတွက်ပါ'' လို့ ဆိုပါတယ်။

play

 

အနုပညာကို ချစ်မြတ်နိုးပေမယ့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ချင်တယ်လို့ ဆိုပါတယ်။

'' ဟန်တီ့အနေနဲ့ကလည်း အနုပညာအလုပ်ကို တန်ဖိုးလည်းထားတယ်၊ ချစ်လဲ ချစ်တဲ့အတွက်ကြောင့် အနုပညာကို လုပ်ဖြစ်တယ်။ ဒါပေမယ့် ပညာရေးက ကိုယ့်အတွက် ဘဝလမ်းကြောင်းအတွက် အခိုင်အမာပေးတာဆိုလို့ ဒီပညာရေးလေးတစ်ခုပဲ ရှိတာဆိုတော့ ပညာကိုတော့ ဆုံးခန်းတိုင်အောင်သင်မယ်။ ဘွဲ့လည်း သေချာယူမယ်'' လို့ ဟန်တီက ဆိုပါတယ်။

play

 

ဟန်တီကတော့ အသက် ၁၄ နှစ်ကတည်းကအနုပညာအလုပ်တွေလုပ်ဆောင်လာတဲ့သူဖြစ်ပြီး အလှမယ်ဆုတွေ လည်း အများကြီးရရှိ လာတဲ့သူတစ် ယောက်ဖြစ်ပါတယ်။ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်သိလာတဲ့ ဟန်သီက ကြော်ငြာတွေလည်း ဆက်လက် ရိုက်ကူး ဖို့ရှိသလို သူပါဝင်သရုပ်ဆောင်ထားတဲ့ အလွမ်းဒဏ္ဏာရီဆိုတဲရုပ်ရှင်ဇာတ် ကားကြီးကို မင်းသား အားသစ်၊ အိချောပိုတို့နဲ့ အတူ ရိုက်ကူးထား တယ်လို့ သိရပါတယ်။

photo:ဟန်သီဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD