AD
AD
AD

သရုပ်ဆောင်လမင်းကဗျာဟာ အနုပညာအလုပ်ကို စလုပ်ကတည်းက ရလာတဲ့အနုပညာကြေးကို စုတယ်၊ အနုပညာအလုပ်စလုပ် ကတည်းက သူ့မှာ ရည်ရွယ်ချက်တွေရှိတယ်လို့ Duwun Media ကနေဖြေဆိုခဲ့ပါတယ်။

play

 

'' အက်စတာအဖွဲ့ကနေ ဖြတ်လျှောက် ဒီအနုပညာအလုပ်ကို စလုပ်ကတည်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ တစ်ခုခုတော့ ပြောင်းလဲ ချင်တဲ့ ရည်ရွယ်ချက်တော့ရှိတယ်။ ဒါပေမယ့် အရမ်းကြာသွားတယ် ၁၀နှစ်တောင်ဖြစ်သွားတယ်။ အသက်တွေတောင်ကြီးသွားတယ်။ ဒါကြောင့်လဲ အိမ်ထောင်မပြုသေးတာ ယောက်ျားမရခင်မှာ မှတ်တိုင်လေးတစ်ခုခုတော့ဖြစ်ချင်တဲ့ ရည်ရွယ်ချက်လေးကြောင့်ပါ။ လမင်းကို နယ်ပွဲတွေလာငှားတဲ့ အခါနယ်မှာ သီချင်းဆိုရရင် တစ်ညကို ၆ သိန်း ၇ သိန်းလောက်ရတယ်'' လို့ဆိုပါတယ်။

play

 

သူကိုယ်တိုင်ကလည်း မိဘနှစ်ပါးကို ရှာကျွေးနေတဲ့သူပါတဲ့။

'' နယ်မှာဆိုလို့ရတဲ့ ပိုက်ဆံတွေကိုလည်း စုတယ်ပေါ့နော်။ အနုပညာလောကထဲရောက်ပြီး ၃ နှစ်လောက်နေတော့ လမင်းကဗျာ ဆိုပြီးတော့ ပရိသတ်တွေသိလာတယ်။ အဲ့ဒီအချိန်ကတည်းက လမင်းပိုက်ဆံတွေကို စုထားတာဆိုတော့ အခုချိန်မှာ လမင်းကိုယ်တိုင် ဆိုင်ဖွင့်တယ်။ ပိုက်ဆံစုတယ်၊ ပြီးတော့ လမင်းက အဖေနဲ့ အမေကိုလည်းရှာကျွေးတယ်။ အဖေကလည်း သူ့စီးပွားရေးနဲ့သူရှိတယ် ဆိုပေမယ့် အဖေ့ပိုက်ဆံကို မထုတ်ခိုင်းတော့ပဲနဲ့ လမင်းကိုယ်တိုင် မိဘနှစ်ပါးကို ရှာကျွေးတာ ၇ နှစ်ရှိပြီ'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်လမင်းကဗျာကို ပရိသတ်တွေက ဇာတ်ပို့ ဇာတ်ရံတစ်ယောက်အနေနဲ့ စတင်အားပေးခဲ့ကြတာပါ။ အခုဆိုရင်တော့ ဂီတအပိုင်း ကိုပါ ခြေလှမ်းစတင်လိုက်ပြီဖြစ်တာကြောင့် ဝီစကီ ဆိုတဲ့ တစ်ကိုယ်တော်အခွေကိုလည်း ထွက်ရှိနိုင်ခဲ့ပါပြီ။ အဲ့ဒီနောက် ကိုယ်ပိုင်စီးပွားရေး တစ်ခုကိုပါ ဦးဆောင်လုပ်ကိုင်နေပြီလို့ သိရပါတယ်။

Photo: လမင်းကဗျာဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD