AD
AD
AD

ပရိသတ်တွေအားပေးစောင့်မျှော်နေကြတဲ့ Reflection(ရောင်ပြန်) ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေအကြောင်း ကို  ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဒါရိုက်တာလူမင်းက မီဒီယာတွေကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' ဒီရုပ်ရှင်ဇာတ်ကားကို ရုပ်တိဗေဒနဲ့ကြည့်လို့မရဘူး။ ဖျော်ဖြေရေးဇာတ်ကားတစ်ကားပေါ့နော်။ အဲ့ဒီဟာကိုမှပရိသတ်ကို အရသာ တစ်မျိုး၊ အနုပညာစမ်းသပ်မှုတစ်မျိုးကိုချပြကြည့်တာပါ။ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်၊ မကြိုက်တဲ့သူတွေလည်း ရှိပါ လိမ့်မယ်'' လို့ ဆိုပါတယ်။

play

 

ဒီဇာတ်ကားက ခေတ်မှီခေတ်လွန်ကားပေါ့။

'' ဇာတ်ကားကတော့ ခေတ်မှီခေတ်လွန်ကားပေါ့။ သေနတ်ပစ်တာတွေရော၊ အက်ရှင်တွေရောဆိုတော့ နိုင်ငံခြားအက်ရှင်ကား ကား ဆန်ဆန်ပေါ့၊ ဖက်ရှင်တွေကိုလည်း Update ဖြစ်ချင်တယ် ဆိုတာကတော့ အူဝဲရဲ့ အစီအစဉ်ပါ။ မင်းသမီးတစ်ယောက်ကို ဒီဇိုင်နာ တစ်ယောက်ဆီ သူတို့စိတ်ကြိုက်ပေါ့'' လို့ ဆိုပါတယ်။

play

 

ဖက်ရှင်ကိုအသားပေးထားတဲ့ ရိုက်ချက်တွေအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' သဘာဝတော့ကျချင်ကျလိမ့်မယ်ဆိုတာမျိုးပေါ့နော် ဖိုက်တင်ချမယ့်အခန်းမှာ နားဆွဲကြီးတွေနဲ့ဆိုတော့ပါတယ်။ သို့သော် အဲ့ဒါနဲ့ဖြစ်အောင် ရိုက်တယ်။ သူက ဖက်ရှင်ကိုလည်းပြချင်တာဆိုတော့ ဖက်ရှင်ကိုအသားပေးတဲ့ ကျွန်တော့်ရိုက်ချက် တွေမှာဆိုရင် နောက်ခံသီချင်းတွေက လိုအပ်တာထက်များချင်များလိမ့်မယ်'' လို့ ဒါရိုက်တာလူမင်းကပြောပါတယ်။

play

 

Reflection (ရောင်ပြန်)ရုပ်ရှင်ဇာတ်ကားကြီးကို သုဒြာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာအဖြစ် သရုပ်ဆောင်အကယ်ဒမီလူမင်းက ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီး ထဲမှာ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဝတ်မှုံရွှေရည် နဲ့ပက်ထရစ်ရှာတို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo: လူမင်းဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD