AD
AD
AD

ပရိသတ်တွေဝန်းရံနေတဲ့ မေတိုးခိုင်လေးက ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ပျော်စရာသင်္ကြန်အမှတ်တရလေးတွေကို မီဒီယာတွေ ကနေတဆင့် အခုလိုပြောပြခဲ့ပါတယ်။

play

 

'' သင်္ကြန်အမှတ်တရဆိုရင် မိသားစုအတူတူရှိဖြစ်တယ်၊ အိမ်မှာ မုန့်တွေလုပ်စားတယ်၊ပြီးရင် အိမ်ရှေ့မှာ ရေပုံးကြီးတွေချပြီး ရေပက် တာကတော့ သင်္ကြန်အမှတ်တရတွေပါပဲ။ သင်္ကြန်ဆိုရင်တော့ အိမ်ထဲမှာနေရတာပိုကြိုက်တယ်။ ပြီးတော့ အိမ်ကမိသားစုတွေနဲ့ အတူတူ ကားနဲ့လျှောက်လည်ရတာကိုလည်း ကြိုက်တယ်'' လို့ ဆိုပါတယ်။

play

 

ဒီနှစ်သင်္ကြန်ကိုတော့ မေမေ့သူငယ်ချင်းတွေနဲ့စုပြီးလျှောက်လည်မှာတဲ့...

'' သင်္ကြန်ကတော့ နှစ်တိုင်း မိသားစုလိုက်ခရီးသွားဖြစ်တယ်၊ အိမ်မှာနေဖြစ်တယ်။ ဒီနှစ်ကတော့ မေမေ့သူငယ်ချင်းတွေနဲ့ စုပြီးတော့ ကားနဲ့ပတ်ဖို့ရှိတယ်။ ပရိသတ်တွေအားလုံး အန္တရာယ်ကင်းကင်းနဲ့ သင်္ကြန်မှာပျော်နိုင်ပါစေ'' လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

play

 

မေတိုးခိုင်ဟာ သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ အနုပညာမျိုးစက်သစ်ဖြစ်တဲ့ တူမလေး တော်စပ်သူဖြစ်ပါတယ်။ အခုဆိုရင် တော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါပြီ။

Photo: မေတိုးခိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD