AD
AD
AD

ပရိသတ်တွေရဲ့အချစ်တော် ဘီလီလမင်းအေးကတော့ သင်္ကြန်အကျနေ့မှာ ကဲမယ့် ပရိသတ်တွေအားလုံး အဆင့်သင့်ဖြစ်ပြီလားတဲ့။

play

 

''မနက်စောစော မျော် နေကြမှာ ဆိုးလို့ ချစ်Billions တို့ရေ Ready လား'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

ဘီလီလမင်းအေးကတော့ သင်္ကြန် ၄ ရက်စလုံး မနက်ပိုင်းမှာ SKY Net ရဲ့ My Tel မဏ္ဍာပ်မှာရှိမယ်လို့ဆိုပါတယ်။ သင်္ကြန်အကြိုနေ့ တုန်းကလဲ မနက်ပိုင်းမှာ My Tel မဏ္ဍာပ်မှာ သီဆိုဖျော်ဖြေခဲ့ပြီး ညနေပိုင်းမှာတော့ MMCA မဏ္ဍာပ်မှာ သီဆိုဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

play

 

ဘီလီလမင်းအေးတစ်ယောက် ဒီနှစ် သင်္ကြန်ကိုတော့ ရန်ကုန်မှာပဲ ဖြတ်သန်းဖြစ်နေပါတယ်။ သီဆိုဖျော်ဖြေမှုတွေကလည်း မရပ်မနားပါပဲ။ ဘီလီ့ကို သူ့ရဲ့ ချစ်ပရိသတ်တွေက Myanmar idol Season 2 မှာကတည်းက အားပေးခဲ့ကြတာပါ။ အခုဆိုရင် ဘီလီတစ်ယောက် ပရိသတ်တွေရဲ့ အချစ်နဲ့ အောင်မြင်မှုလမ်းကြောင်းကို ရောက်ရှိနေပါပြီ။

Photo: ဘီလီလမင်းအေးဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD