AD
AD
AD

သင်္ကြန်မယ်လေး ပရိသတ်တွေရဲ့အချစ်တော် စန္ဒီမြင့်လွင်ဟာ သင်္ကြန်အကျနေ့ မနက်ပိုင်းကို မြို့တော်ဝန်မဏ္ဍာပ်မှာ သီချင်း သီဆိုဖျော်ဖြေနေတယ်လို့ သိရပါတယ်။

play

 

''ဒီနေ့ မနက်မြို့ တော်ဝန်နဲ့ MLCP မဏ္ဏပ်ဆိုပီး ညနေတော့ ပြည်လမ်း we lit မှာဆိုရင်းကဲမယ်'' ဆိုပြီးတော့ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာရေးသားခဲ့ပါတယ်။

play

http://www.duwun.com.mm/entertainment/local-celebrity/-id8247163.html

စန္ဒီမြင့်လွင်ဟာ ဒီနှစ်သင်္ကြန်ကို အနုပညာအလုပ်တွေလည်း လုပ်ရင်း ခင်ပွန်းဖြစ်သူနဲ့အတူ ရန်ကုန်သင်္ကြန်ကို ဖြတ်သန်း နေတာ ပဲဖြစ်ပါတယ်။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ဟာ မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုး ပွဲကျင်းပ ပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

သိပ်မကြာသေးခင်ကမှ အိမ်ထောင်ပြုခဲ့တဲ့ အဆိုတော်စန္ဒီမြင့်လွင်တစ်ယောက် ယောက်ျားယူပြီးသွားလည်း သီချင်းဆက်မဆိုတော့ ဘူးလို့ ပြောနေကြတဲ့ ကောလဟလတွေအပေါ် ကျမ်းမာချမ်းသာကြပါစေ ကိုယ့်လိပ်ပြာကိုယ်လုံနိုင်ပါစေရှင့်" ဆိုပြီး သူမက ပြော ထားပါတယ်။ သူ့ရဲ့ အနုပညာအလုပ်တွေကိုတော့ ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။

Photo: စန္ဒီမြင့်လွင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD