AD
AD
AD

ပရိသတ်တွေရဲ့ အချစ်တော်မလေး မေတိုးခိုင် ဟာ ဒီဇိုင်နာအလုပ်ကိုလည်း ဝါသနာပါသူပါ။ အခုလက်ရှိမှာ သူ့ရဲ့ မေမေကိုယ်တိုင် ကလည်း ဒီဇိုင်နာတစ်ယောက်ပါပဲ။ မေတိုးခိုင်လေး နောင်တစ်ချိန်ကျရင် သရုပ်ဆောင်လုပ်မှာလား၊ ဒီဇိုင်နာလုပ်မှာလားဆိုတာကို မီဒီယာတွေကနေတဆင့်အခုလို ဖြေဆိုခဲ့ပါတယ်။

play

 

''မေမေ နဲ့ အခုအတူပေါင်းပြီးတော့လည်းအကြံဥာဏ်တွေပေးဖြစ်နေတယ်။ ဒီဇိုင်နာရယ်လို့ သေသေချာချာတော့ မလုပ်ဖြစ် သေးပါဘူး။ အခုလက်ရှိမှာတော့ သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အားသာနေတာပေါ့'' လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်အလုပ်ကို ပိုအားသန်တဲ့ မေတိုးခိုင်ရဲ့ လေ့လာမှုတွေက ...

'' အရင်ကတည်းက ရုပ်ရှင်တွေ များများကြည့်ဖြစ်တယ်။ ဒါပေမယ့် အခုချိန်မှာတော့ ရုပ်ရှင်အပြင် ပြင်ပမှာ လူတွေရဲ့ သွားလာ လှုပ်ရှားမှု ပုံစံတွေကို ပိုပြီးတော့ ကြည့်ဖြစ်တယ်။ ဒီဇိုင်နာအလုပ်ကို အရင်ကလည်းက ဝါသနာပါတယ်ဆိုပေမယ့် ဘေးမှာ မေမေကလည်း ရှိနေတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် လုပ်လို့ ရသေးတယ်'' လို့ သူကဆိုပါတယ်။

play

 

မေတိုးခိုင်ဟာ သရုပ်ဆောင်အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ အနုပညာမျိုးစက်သစ် တူမလေး ဖြစ်ပါတယ်။ မေတိုးခိုင်ရဲ့ အနုပညာလမ်း ကြောင်းအပေါ် လျှောက်လှမ်းနေမှုတွေကလည်း တီအူဝဲရဲ့ ရာနှုန်းပြည့် ကူညီဖေးမမှုတွေရှိတယ်လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါ သေးတယ်။

Photo:မေတိုးခိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD