AD
AD
AD

အဆိုတော်ဇော်ပိုင်တစ်ယောက် သူ့လည်ပင်းမှာဆွဲထားတဲ့ စတီးပြားလေးမှာ သားလေးရွှေပိုင်ရဲ့ ဓာတ်ပုံလေးကို ထွင်းထားတယ်လို့ ဆိုပါတယ်။ သားလေးပုံ စတီးလ်ဆွဲပြားလေးနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သူ ၃ လသားတုန်းက မလေးရှားကို သွားရင်းနဲ့ဓာတ်ပုံလေးကို လေဆာနဲ့စတီးပြားပေါ်မှာရေးလို့ရတယ် လို့ သူငယ်ချင်း တစ်ယောက်ကပြောတာနဲ့ သူကပဲ လက်ဆောင်အနေနဲ့ ကျွန်တော်တစ်ပြား၊ ကျွန်တော့်အမျိုးသမီးတစ်ပြား သူလုပ်ပေးခဲ့တာပါ။ ရွှေပိုင် ၃လသားကတည်းက ဆွဲထားတာ အခုထိပဲ'' လို့ ဆိုပါတယ်။

play

http://www.duwun.com.mm/entertainment/cele-yatkwat/-id8251953.html

အချစ်တွေအများကြီးပိုင်ဆိုင်ထားတဲ့ ရွှေပိုင့်ရဲ့ ပရိသတ်တွေအတွက်လည်း ကျေးဇူးတင်စကားပြောပြခဲ့ပါတယ်။

'' သားလေးကို ချစ်ခင်ကြတဲ့ ပရိသတ်တွေပေါ့ ကျွန်တော်တို့ မိသားစုကို ချစ်ခင်ကြတဲ့ ပရိသတ်တွေအားလုံးကို သူ့ကိုစား ကျွန်တော်ရော၊ ကျွန်တော့်အမျိုးသမီး ကရော တကယ်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်'' လို့ သူကဆိုပါတယ်။

play

 

အဆိုတော်ဇော်ပိုင်နဲ့ မမီမီနေဝင်းတို့ရဲ့ တစ်ဦးတည်းသော သားလေးရွှေပိုင် ဟာ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအများကြီးကလည်း အရမ်းကို ချစ်ခင်အားပေးကြပါတယ်။ ရွှေပိုင်တစ်ယောက် အခုဆိုရင် တီဗီကြော်ငြာတွေသာမက မဂ္ဂဇင်းကာဗာတွေမှာတောင် Star တစ်ယောက်ကအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။

Photo: ဇော်ပိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD