AD
AD
AD

သရုပ်ဆောင်စိုးမိုးကြည် ဟာ သားတစ်ယောက် သမီးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး သမီးလေးက အရမ်းကိုစာတော်ပြီး ထူးချွန်တဲ့သူလေးပါ။ အခုလည်း LA မှာ ကျောင်းသွားတက်နေတဲ့ သမီးလေးအကြောင်းကို Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သမီးလေးကတော့ ငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာကျောင်းသွားတက်မယ်၊ နိုင်ငံခြားမှာ ဘွဲ့ယူမယ်ဆိုပြီး ၆ တန်းလောက် ကတည်းက သူ့မှာရည်ရွယ်ချက်ရှိခဲ့တာ။ ၁၀ တန်းလည်းအောင်ရော တကယ်သွားမှာပေါ့ မသွားခင်မှာလည်း သူသွားချင်တဲ့ကျောင်း သူသင်ချင်တဲ့ အတန်းကို စုံစမ်းပြီးသား၊ သူ့အဖေနဲ့ တိုင်ပင်ကြတယ် သမီးကိုယ်သမီးယုံကြည်မှုရှိလားပေါ့၊ ကိုယ့်သွေးသားက နိုင်ငံခြားမှာဆိုတော့လည်း ဘယ်စိတ်ချနိုင်ပါ့မလဲ'' လို့ ဆိုပါတယ်။

play

 

သမီးလေးအတွက် ပေးဆပ်ရတာပျော်ရွှင်တယ်လို့ ဆိုပါတယ်။

'' သမီးလေးက ပညာရေးမှာအရမ်းတော်တယ်၊ ထူးချွန်တယ်။ သူပြောတဲ့အတိုင်းလည်း သူလုပ်တယ်။ အခုချိန်မှာ ကျောင်းတက်နေတဲ့ အချိန်ဆိုတော့ ပံ့ပိုးပေးရတာပေါ့။ ဒေါ်လာဈေးတွေကလည်း တက်နေတယ် ဒါပေမယ့်လည်း သမီးအတွက် ပေးဆပ်ရတာကို ပျော်ရွှင် တယ်။ ကိုယ်ပေးဆပ်နိုင်သလောက် သမီးလေးကလည်း တော်တယ်။ အမြဲတမ်းလည်း အဆက်အသွယ်တွေရှိတယ်'' လို့ သူကဆိုပါ တယ်။

play

 

သမီးလေးကလည်း စာတော်သလို သားလေးကိုလည်း ဘော်ဒါဆောင်ထားထားတာကြောင့် အနားမှာမရှိဘူးလို့ဆိုပါတယ်။ သားဖြစ်သူ ကတော့ အနုပညာအလုပ်ကိုဝါသနာမပါဘဲ အင်ဂျင်နီယာလိုင်းကို ဝါသနာပါတာကြောင့် ပံ့ပိုးပေးသွားဦးမယ်လို့ ဆိုပါတယ်။ စိုးမိုးကြည်ဟာ အခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo: စိုးမိုးကြည်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD