AD
AD
AD

သရုပ်ဆောင်ခန့်စည်သူတစ်ယောက် တောင်ပေါ်ရှမ်းရွာလေးက အသံမစဲပဋ္ဌာန်းပွဲအတွက် ကျမ်းစာအုပ်တွေနဲ့ အလှူငွေတွေ လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ရေးသားခဲ့ပါတယ်။

play

 

'' တောင်ပေါ်ရှမ်းရွာလေးက အသံမစဲပဋ္ဌာန်းပွဲမှာ မဟာပဋ္ဌာန်း (၅)ကျမ်းတွဲနှင့် အလှူငွေများလှူဒါန်းခဲ့ပါတယ်။အားလုံးကြား ကြားသမျှ ...အမျှ-အမျှ-အမျှ ယူတော်မူကြပါကုန်သော်....သာဓု... သာဓု ... သာဓုပါ'' လို့ ဆိုပါတယ်။

play

 

ခန့်စည်သူ အနေနဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့မှာ နှစ်ဦးအလှူအဖြစ် အနုပညာမောင်နှမတွေနဲ့အတူ ဆေးပဒေသာပင် အလှူလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

'' နှစ်ဦးအလှူအဖြစ် ပြင်ဦးလွင် အမှတ်(၁)တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)မှာ ဆေးပဒေသာပင်ကို လှူဒါန်းခဲ့ကြပါတယ်'' တဲ့။ ဧပြီလ ၇ ရက်နေ့ တုန်းကလည်း နှစ်သစ်အကြို အလှူမင်္ဂလာအဖြစ် ပဋိကဂုဏ်ရည်(၃)ထပ်ကျောင်းဆောင်ကြီးရဲ့ ပဋိကတိုက် တော် ရတနာ အုတ်မြစ်တော်စီမင်္ဂလာပွဲနဲ့အတူ အလင်းပြကောင်းကင် ဒီဇိုင်နာပရဟိတသင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားတွေ အတွက် အပတ်စဉ်(၁) သင်တန်းဆင်းပွဲ၊ အပတ်စဉ်(၂) သင်တန်းဖွင့်ပွဲအတွက် အလှူငွေကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပါသေးတယ်။

play

 

သရုပ်ဆောင်ခန့်စည်သူ ဟာ အလှူအတန်းတွေနဲ့ ပတ်သက်ပြီး ခဏခဏဆောင်ရွက်လျှက်ရှိပါတယ်။ မေတ္တာသိင်္ဂဟ ပရဟိတ အဖွဲ့ အနေနဲ့ ပရဟိတအကျိုးတွေဆောင်ရွက်လျှက်ရှိပြီး သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။

Photo: ခန့်စည်သူဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD