AD
AD
AD

သရုပ်ဆောင်ခင်စိုးပိုင် ဟာ အခုလက်ရှိအနုပညာအလုပ်တွေဆက်လုပ်နေတုန်းပါပဲ။ သူ့ဆီမှာ အရမ်းကို သိတတ်လိမ္မာတဲ့ သားလေး နှစ်ယောက် ရှိတယ်လို့  သိရပါတယ်။ သိတတ်လိမ္မာတဲ့ သားလေးတွေအကြောင်းကိုလည်း Duwun Media ကနေပြောပြခဲ့ပါတယ်။

play

 

'' သားနှစ်ယောက်စလုံးက လိမ္မာကြပါတယ်၊ အခုခေတ်ကလေးတွေထဲမှာတော့ ကိုယ့်သားလေးတွေက ယောက်ျားလေးတွေ ဖြစ် ပေမယ့် ကိုယ်က မထိန်းရဘူး။ သူတို့အတွက်ကိုလည်းမပူရဘူး မိဘအပေါ်ကိုလည်း သိတတ်ကြတယ်။ သူတို့အလုပ်တွေသူတို့ ဝင်နေကြပြီး သားကြီးဆိုရင်လည်း သဘောင်္တတ်နေချိန်မှာ တစ်လတစ်ခေါက် မအေကို ဘယ်လောက်ဆိုပြီးတော့ သိတတ်ကြတဲ့ အတွက် ကျေနပ်ပါတယ်'' လို့ ဆိုပါတယ်။

play

 

တစ်ယောက်တစ်နေရာစီ နေထိုင်ပေမယ့်လည်း မအေအပေါ် သိတတ်မှုတွေရှိတယ်တဲ့။

'' မိသားစုတွေက တကွဲတပြားပေါ့ သူတို့ အဖေကလည်း သူ့ဘာသာ မိသားစုနဲ့ သက်သက်နေတယ်၊ သားကြီးကလည်း သူ့အိမ်ထောင် နဲ့ သူနေတယ်၊ သားငယ်လေးကတော့ အန်တီနဲ့နေတာပေါ့။ တကွဲတပြားစီဖြစ်နေပေမယ့် ရှုတင်ရှိတဲ့အခါဆိုရင် သားကြီးဖြစ်ဖြစ်၊ သားငယ်ဖြစ်ဖြစ် လိုက်ပို့ လိုက်ကြိုလုပ်ပေးတယ်။ ရိုက်ကွင်းပြီးသွားရင်လည်း အမေဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ ဆိုပြီးတော့ အမြဲတမ်းပြောကြတယ်'' လို့ ခင်စိုးပိုင်က ပြောပါတယ်။

play

 

လိမ္မာတဲ့ သားနှစ်ယောက်ကို ခင်စိုးပိုင်က ဘယ်လိုတွေ ဆုံးမသွန်သင်ထားလဲ ဆိုတော့..။

'' အခုခေတ်မှာ ဘီယာတို့၊ အရက်တို့ သောက်တတ်တာမဆန်းပါဘူး။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့ပဲ အန်တီပိုင့်ရဲ့သားတွေကိုလည်း ငယ်ငယ်ကတည်းက ဆုံးမထားတာ မလုပ်တတ်တာ ဘာမှမရှိစေရဘူး။ အကုန်လုပ်တတ်ရမယ် အဲ့ဒီလုပ်တတ်တဲ့အပေါ်မှာ မကောင်းတာနဲ့ကောင်းတာကို ခွဲခြားတတ်ဖို့ပဲ အရေးကြီးတယ်။အစွဲအလန်းမထားဖို့ပဲ အရေးကြီးတယ်၊ အဲ့ဒီလိုပဲ သားတွေကို သင်ကြားခဲ့တယ်၊ မကောင်းတာကိုသိတဲ့အတွက်လည်း သူတို့ နောက်ဆုတ်ကြတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်ခင်စိုးပိုင်ဟာ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေနဲ့ တစ်ခဏတာဝေးကွာခဲ့ပြီးနောက် အခုဆိုရင် တော့ သရုပ်ဆောင်အလုပ်တွေ ပြန်လုပ်နေပါပြီ။ သူ့ရဲ့သားအကြီးဆုံးကတော့ သဘောင်္သားတစ်ယောက်ဖြစ်ပြီး အိမ်ထောင် တစ်ခု ထူထောင် နေတယ်လို့ သိရပါတယ်။ သားငယ်လေးဖြစ်တဲ့ ကြည်ဖြူအောင်ကတော့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေပြီး Mister International Myanmar 2016 ဆုကိုလည်း ပိုင်ဆိုင်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။

Photo: ခင်စိုးပိုင်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD