AD
AD
AD

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော်ပေါက်စလေးအုပ်စိုးခန့် ကို တချို့ပရိသတ်တွေက မျက်နှာကို ပြုပြင်ခွဲစိတ်ထားတယ် ဆိုပြီး ကောလာဟလတွေပြောနေကြတဲ့အပေါ် Duwun Media ကနေ တုံ့ပြန်စကားဆိုခဲ့ပါတယ်။

play

 

'' ကျွန်တော့်ရဲ့ မျက်နှာက သဘာဝအတိုင်းပဲ ချွန်တာပါ။ သူများတွေကလည်း ကျွန်တော့်ကိုလာပြီးတော့ မင်းဘယ်မှာ V Shap ထိုးတာလဲ၊ လမ်းညွှန်ပါဦးလို့ လာပြောတဲ့သူတွေရှိတယ်၊ ဒီထက်သာချွန်အောင်ဆေးထိုးလိုက်ရင် ကျွန်တော် ဂြိုဟ်သားဖြစ်တော့မယ်၊ ကျွန်တော်က ဆေးထိုးအပ်ကြောက်တဲ့သူပါ'' လို့ ဆိုပါတယ်။

play

 

မျက်နှာပေါ်က အစိတ်အပိုင်းတစ်ခုစီအပေါ် ဝေဖန်ပြောဆိုနေမှုတွေကိုလည်း စိတ်မညစ်တော့ဘူးတဲ့။

'' တချို့က နှာခေါင်းကြီးတယ်တဲ့ နှာခေါင်းကို ပြုပြင်မှာလဲမဟုတ်သလို နှုတ်ခမ်းလည်းကြီးတယ်တဲ့ ဒါလည်း ပြုပြင်မှာမဟုတ်ပါဘူး။ ဒါတွေက ကျွန်တော့်အတွက် Logo ဖြစ်နေပြီ။ ဝေဖန်မှုတွေကလည်း စိတ်ညစ်စရာမဖြစ်တော့ပါဘူး။ နွားသားရေလိုဖြစ်သွားပြီ သူတို့က ကျွန်တော့်အကြောင်းကို ပြောတယ်ဆိုတာ သူတို့စိတ်ထဲမှာ ကျွန်တော်ရှိနေလို့ပဲ'' လို့ သူကဆိုပါတယ်။

 

play

 

အုပ်စိုးခန့်တစ်ယောက်ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေထဲမှာမှ မိန်းကလေးပရိသတ်တွေက အများစုပါ။ ချစ်ခင်အားပေးကြတဲ့ သူတွေများသလို တိုက်ခိုက် ဝေဖန်ကြသူတွေကလည်း များပါတယ်။ အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ ချစ်နေပြီ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလို တန်ခူးမေ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။

Photo: အုပ်စိုးခန့်ဖေ့စ်ဘုတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD